NEWS

မလေးရှားနိုင်ငံ ဆာဘားကျွန်းရှိ စိုက်ပျိုးရေးလုပ်ငန်း အတွက် အလုပ်ခေါ်စာများကို အလုပ်သမားဝန်ကြီးဌာန ခွင့်မပြုဟုဆို

CoverLogo
956 Views

မလေးရှားနိုင်ငံ ဆာဘားကျွန်းရှိ စိုက်ပျိုးရေး လုပ်ငန်း အတွက် အလုပ်သမား ခေါ်ယူတဲ့ အလုပ်ခေါ်စာ Demand Letter တွေကို အလုပ်သမားဝန်ကြီးဌာန က ခွင့်မပြုဘူးလို့ သိရပါတယ်။ 

ဆာဘားကျွန်း တွင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင် ဖို့ အတွက် လုပ်သားခေါ်ယူတဲ့ Demand Letter တွေ ကို အလုပ်သမားဝန်ကြီးဌာနထံ လိုင်စင်ရ အေဂျင်စီ တွေ က တင်ပြတာတွေ ရှိတဲ့ အတွက်ယင်းအလုပ်ခေါ်စာတွေကို ခွင့်မပြုကြောင်း အလုပ်သမားဝန်ကြီးဌာနက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းထံ နိုဝင်ဘာ ၁၄ ရက် အကြောင်းကြားစာပို့ ကြောင်း သိရပါတယ်။ 

ဒါ့အပြင် အလုပ်သမားသံအရာရှိ အနေဖြင့်လည်း မလေးရှားနိုင်ငံ ဆာဘားကျွန်း အတွက် စိုက်ပျိုးရေးလုပ်သားခေါ်ယူတဲ့ Demand Letter တွေ ကို လက်ခံဆောင်ရွက်ခြင်း မပြုဖို့ကိုလည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

""အရင်ကတော့ စေလွှတ်နေတာပဲ အခုစာထုတ်ပြီး ခွင့်မပြုကြောင်း MOEAA အကြောင်းကြားစာ ပို့တယ်ဆိုတော့ပြသာနာ တစ်ခုခုဖြစ်လို့ နေမယ် ""ဟုအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ဆာဘားကျွန်းမှာ မလေးရှားကတစ်ဆင့် လေယာဉ်ဖြင့် ၂နာရီ ကျော် ကြာ သွားရတဲ့နေရာ ဖြစ်ကာ သွားလာရေး ခက်ခဲတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။ 

""ဆာဘားကျွန်းက  မလေးရှားကနေ သွားရင်တောင် လေယာဉ် ၂နာရီ ခွဲလောက် ထပ်စီးရတယ် အတော်လေးဝေးတယ် မြန်မာအလုပ်သမားတွေ သွားတာ လည်း နည်းတယ် သူက သီးခြား ကျွန်းစွယ်တစ်ခုလို ဖြစ်နေတာ အဲ့တော့ အလုပ်သမား အနေနဲ့ တစ်ခုခု ဖြစ်ရင်တောင်  သွားလာရေးက အလှမ်းဝေးတော့ အလုပ်ရှင် အလုပ်သမား ပြဿနာ ဖြစ်ရင် လုပ်သားအတွက် နစ်နာတာ တွေ ဖြစ်နိုင်တယ် ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းဆိုတော့ပိုဆိုးတာပေါ့"လို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦး ကပြောပါတယ်။ 

အခုလို အလုပ်သမားဝန်ကြီးဌာနက ခွင့်မပြုထားတဲ့ အတွက် မလေးရှားနိင်ငံ ဆားဘားပြည်နယ်(စိုက်ပျိူး​ရေး)အလုပ် အတွက် အွန်လိုင်းမှ ဖြစ်စေ ပွဲစား တွေ မှ တစ်ဆင့် ဖြစ်စေ အလုပ်ခေါ်ယူပါက အလိမ်အညာသာ ဖြစ်တယ်ဆိုတာ သတိပြု စေချင်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဝင်များ ကလည်း အသိပေးထားပါတယ်။ 

မလေးရှားနိုင်ငံ အနေနဲ့ မြန်မာအပါအဝင်  နိုင်ငံခြားသားလုပ်သားခေါ်ယူမှု ကို ၂၀၂၄ခုနှစ် ဇွန်လ ၁ရက်ကစပြီး လက်ရှိအချိန်ထိ ရပ်ဆိုင်းထားပေမယ့် အရှေ့မလေးရှား ဖြစ်တဲ့ ဆာဘား ကျွန်းနဲ့ဆာလဝပ် အတွက် လုပ်သားခေါ်ယူတာကိုတော့ ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026