NEWS

မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားတဦး လက်ထိခိုက် ဒဏ်ရာရ

CoverLogo
266 Views
 
မလေးရှာနိုင်ငံ ၊ Perak ပြည်နယ်၊ Ipoh မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတဦး လုပ်ငန်းခွင်အတွင်း မတော်တဆမှု ဖြစ်ပွားပြီး ညာဘက်လက် ထိခိုက်ဒဏ်ရာ ရှိရှိခဲ့တယ်လို့ Malay Mail မှာ ဇန်နဝါရီ ၂၈ ရက်က ဖော်ပြထားပါတယ်။
 
အဲဒီ ထိခိုက်မှုက ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အသက် ၂၁ အရွယ် မြန်မာအမျိုးသားရဲ့ ညာဘက် လက်က သကြားကြိတ်စက်အတွင်း ညှပ်မိပြီး ဒဏ်ရာရခဲ့တာလို့ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူက ပြောထားပါတယ်။
ဖြစ်စဉ်အတွင်း မြန်မာအမျိုးသားရဲ့ လက်ကောက်ဝတ်ကနေ တတောင်ဆစ်အထိ ကျိုးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေရဲ့ အတည်ပြုပြောဆိုမှုကိုလည်း ဖော်ပြထားပါတယ်။
 
စက်အတွင်း ညှပ်နေတဲ့ လက်ကိုတော့ ဟိုက်ဒရောလစ် စက်ကိုသုံးပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူကိုတော့ လုပ်ငန်းခွင် အနီးက ဆေးရုံကို ပို့ဆောင် ပေးထားတယ်လို့လည်း ဆိုထားပါတယ်။
 
Ipoh မြို့က ပီနန်ကျွန်းရဲ့ တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာ ရှိပါတယ်။ မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ၃၅၀၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပေးမဲ့ ဒါက တရားမဝင် လုပ်ကိုင်နေသူတွေ မပါဝင်ဘူးလို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေက စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေတယ်လို့လည်း တခြားသတင်းတွေမှာ ဖော်ပြထားပါတယ်။
Source, Photo; Malay Mail

Related posts

Cover
စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ
Oct 03, 2025
Cover
စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ (ရုပ်သံသတင်း)
Oct 03, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025