NEWS

မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားတဦး လက်ထိခိုက် ဒဏ်ရာရ

CoverLogo
400 Views
 
မလေးရှာနိုင်ငံ ၊ Perak ပြည်နယ်၊ Ipoh မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတဦး လုပ်ငန်းခွင်အတွင်း မတော်တဆမှု ဖြစ်ပွားပြီး ညာဘက်လက် ထိခိုက်ဒဏ်ရာ ရှိရှိခဲ့တယ်လို့ Malay Mail မှာ ဇန်နဝါရီ ၂၈ ရက်က ဖော်ပြထားပါတယ်။
 
အဲဒီ ထိခိုက်မှုက ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အသက် ၂၁ အရွယ် မြန်မာအမျိုးသားရဲ့ ညာဘက် လက်က သကြားကြိတ်စက်အတွင်း ညှပ်မိပြီး ဒဏ်ရာရခဲ့တာလို့ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူက ပြောထားပါတယ်။
ဖြစ်စဉ်အတွင်း မြန်မာအမျိုးသားရဲ့ လက်ကောက်ဝတ်ကနေ တတောင်ဆစ်အထိ ကျိုးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေရဲ့ အတည်ပြုပြောဆိုမှုကိုလည်း ဖော်ပြထားပါတယ်။
 
စက်အတွင်း ညှပ်နေတဲ့ လက်ကိုတော့ ဟိုက်ဒရောလစ် စက်ကိုသုံးပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူကိုတော့ လုပ်ငန်းခွင် အနီးက ဆေးရုံကို ပို့ဆောင် ပေးထားတယ်လို့လည်း ဆိုထားပါတယ်။
 
Ipoh မြို့က ပီနန်ကျွန်းရဲ့ တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာ ရှိပါတယ်။ မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ၃၅၀၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပေးမဲ့ ဒါက တရားမဝင် လုပ်ကိုင်နေသူတွေ မပါဝင်ဘူးလို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေက စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေတယ်လို့လည်း တခြားသတင်းတွေမှာ ဖော်ပြထားပါတယ်။
Source, Photo; Malay Mail

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026