NEWS

မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ

CoverLogo
162 Views
 
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ကူလိုင်အင်တာပူရ ရှိ စားသောက်ဆိုင် တွေ ကို မလေးရှား အာဏာပိုင်တွေကို ဝင်ရောက်စစ်ဆေးတာမှာ နေထိုင်ခွင့် ၊အလုပ်လုပ်ခွင့်၊ ၃နှစ်အရွယ် ကလေးငယ်အပါအဝင် အထောက်အထားမရှိတဲ့မြန်မာလုပ်သား ၄၅ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။
 
အောက်တိုဘာ ၁၂ရက် ညပိုင်းမှာ ၎င်းနေရာကို ဝင်ရောက်စစ်ဆေးရာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံခြားသား ၁၄၃ ဦး ကို စစ်ဆေးပြီး နောက် အထောက်အထားမရှိတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သား ၆၂ဦး ကို ဖမ်းမိခဲ့တယ်လို့ မလေးရှား လ၀က မှ ထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအမျိုးသား (၃၀)ယောက်၊ မြန်မာအမျိုးသမီး (၁၄)ယောက်၊ မြန်မာ ကလေး၁ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၅ယောက်၊ နီပေါ နိုင်ငံသား၁ယောက်၊ သီရိလင်္ကာ နိုင်ငံသား၁ယောက်၊ အိန္ဒိယ နိုင်ငံသားနှစ်ယောက်၊ ဗီယက်နမ် အမျိုးသမီး၂ယောက်၊ အင်ဒိုနီးရှား အမျိုးသမီး၃ယောက်တို့ပါဝင်ပါတယ်။
 
ဖမ်းဆီး ခံရသူတွေကို ဝင်ရောက် နေထိုင် အလုပ်လုပ်ခွင့် အထောက်အထားစာရွက်စာတမ်း မပြည့်စုံခြင်းအတွက် စစ်ဆေးပြီး လ၀ကဥပဒေ အရ အရေးယူသွားမယ်လို့ သိရပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား လုပ်သားတွေကို စီမံချက်နဲ့ ဖမ်းစီးစစ်ဆေးနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ မှာ အထောက်အထားမပြည့်စုံလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၅၀၀ ထက်မနည်း ရှိတယ်လို့ မလေးရှားရှိလူမှုအဖွဲ့စည်းတွေထံမှ သိရပါတယ်။

Related posts

Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025
Cover
ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ
Dec 22, 2025
Cover
မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ
Dec 20, 2025