NEWS

မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ

CoverLogo
315 Views
 
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ကူလိုင်အင်တာပူရ ရှိ စားသောက်ဆိုင် တွေ ကို မလေးရှား အာဏာပိုင်တွေကို ဝင်ရောက်စစ်ဆေးတာမှာ နေထိုင်ခွင့် ၊အလုပ်လုပ်ခွင့်၊ ၃နှစ်အရွယ် ကလေးငယ်အပါအဝင် အထောက်အထားမရှိတဲ့မြန်မာလုပ်သား ၄၅ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။
 
အောက်တိုဘာ ၁၂ရက် ညပိုင်းမှာ ၎င်းနေရာကို ဝင်ရောက်စစ်ဆေးရာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံခြားသား ၁၄၃ ဦး ကို စစ်ဆေးပြီး နောက် အထောက်အထားမရှိတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သား ၆၂ဦး ကို ဖမ်းမိခဲ့တယ်လို့ မလေးရှား လ၀က မှ ထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအမျိုးသား (၃၀)ယောက်၊ မြန်မာအမျိုးသမီး (၁၄)ယောက်၊ မြန်မာ ကလေး၁ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၅ယောက်၊ နီပေါ နိုင်ငံသား၁ယောက်၊ သီရိလင်္ကာ နိုင်ငံသား၁ယောက်၊ အိန္ဒိယ နိုင်ငံသားနှစ်ယောက်၊ ဗီယက်နမ် အမျိုးသမီး၂ယောက်၊ အင်ဒိုနီးရှား အမျိုးသမီး၃ယောက်တို့ပါဝင်ပါတယ်။
 
ဖမ်းဆီး ခံရသူတွေကို ဝင်ရောက် နေထိုင် အလုပ်လုပ်ခွင့် အထောက်အထားစာရွက်စာတမ်း မပြည့်စုံခြင်းအတွက် စစ်ဆေးပြီး လ၀ကဥပဒေ အရ အရေးယူသွားမယ်လို့ သိရပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား လုပ်သားတွေကို စီမံချက်နဲ့ ဖမ်းစီးစစ်ဆေးနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ မှာ အထောက်အထားမပြည့်စုံလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၅၀၀ ထက်မနည်း ရှိတယ်လို့ မလေးရှားရှိလူမှုအဖွဲ့စည်းတွေထံမှ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026