NEWS

မလေးရှားတွင် ရဲဖမ်းမည်စိုးရိမ်၍ ထွက်ပြေးသည့် မြန်မာအမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရ

CoverLogo
448 Views
 
မလေးရှားနိုင်ငံ၊ ဆလန်ကောပြည်နယ်က စက်ရုံ တစ်ရုံမှာ အလုပ် လုပ်နေတဲ့ မြန်မာအလုပ်သမား အမျိုးသမီး ၃ ဦး စက်ရုံရှေ့ ရဲကားရောက်လာလို့ ဖမ်းဆီးမှာကို စိုးရိမ်ပြီး အုတ်တံတိုင်းပေါ်ကနေ ခုန်ချ ထွက်ပြေးရာကနေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား ) ဆီက သိရပါတယ်။
 
လက်ရှိ မလေးရှား အစိုးရက အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သားတွေကို စီမံချက် (အော်ပရာစီ) နဲ့ ဖမ်းဆီးနေတဲ့ အတွက် မြန်မာအလုပ်သမားအမျိုးသမီးတွေ စိုးရိမ််ပြီး ထွက်ပြေးရာကနေ အခုလို ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
" မြန်မာမိန်းကလေး လူသစ် ၃ယောက် ကြောက်ပြီး ထွက်ပြေးတာ၊ တစ်ယောက်က ခြေထောက် ကျိုးတယ်။ တစ်ယောက်က ခေါင်းကွဲတာ ရှစ်ချက်ချုပ်ရတယ်၊တစ်ဦးကတော့ ခြေဆစ်လွဲသွားတယ်။"လို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ ( ကွာလာလမ်ပူ-မလေးရှား )အဖွဲ့ဝင် ကိုသက်က ပြောပါတယ်။
 
မြန်မာလုပ်သား အမျိုးသမီးတွေဟာ တရားဝင် အထောက်အထား မရှိဘဲ မလေးရှားနိုင်ငံကို ရောက်ရှိနေတာ ၃လ ဝန်းကျင် ရှိပြီလို့ သိရပါတယ်။
 
ဒဏ်ရာရတဲ့ အမျိုးသမီး ၃ဦး ကို စက်ရုံဘက်က ဆေးခန်းမှာ ကုသပေးပေမဲ့ လက်ရှိ အလုပ်မဆင်းနိုင်တဲ့ အပြင် စားသောက်ဖို့ ခက်ခဲနေလို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က မလေးရှား ရင်းဂစ် ၁၃၀၀ ထောက်ပံခဲ့တယ်လို သိရပါတယ်။
 
မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတာတွေကြောင့် မြန်မာလုပ်သားတွေ ဖမ်းဆီးခံရသလို တချို့အလုပ်သမားတွေမှာ စိုးရိမ်ပြီး လုပ်ငန်းခွင်ကို ပုံမှန် မသွားနိုင်လို့ နေထိုင်စားသောက်ရေးပါ အခက်ခဲဖြစ်တာတွေ ရှိတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောကြားထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026