NEWS

မလေးရှားတွင် မြန်မာအပါအဝင် အထောက်ထားမရှိသည့် နိုင်ငံခြားသားလုပ်သား ၆၀၀ ကျော်အဖမ်းခံရ

CoverLogo
343 Views
 
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် ကလန်းမြို့ပူလောက်အင်ဒါးမှာ နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၆၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
မလေးရှားလူဝင်မူကြီးကြပ်ရေးနှင့်ဌာနပေါင်းစုံပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က စက်တင်ဘာ၂၄ရက် ည ၉နာရီခွဲကနေ ၁၂နာရီခွဲ အထိ လူဦးရေ ၁၁၃၂ဦး ကို စစ်ဆေးခဲ့ပြီး တရားမဝင် နေထိုင်တဲ့ မြန်မာလုပ်သား၃၆ဦး အပါအဝင် နိုင်ငံခြားသားလုပ်သား ၆၆၂ဦး ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
"" အဖမ်းခံရတဲ့ အထဲမှာ မြန်မာက ၃၆ယောက် ၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား ကတော့အများဆုံး လို့သိရတယ် နီပေါ နိုင်ငံသားတစ်ယောက် က ထွက်ပြေးရင်း တိုက်ပေါ်ကပြုတ်ကျလို့သေဆုံးတယ် မလေးရှားမှာနေရတာလဲ ကြာရင် အော်ပရာစီ စိတ်ရောဂါ ရတော့မယ် ""လို့ မလေးရှားရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးရာမှာ ယခုစက်တင်ဘာ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် အဖမ်းခံရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်တွေ အရသိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို မလေးရှား အစိုးရအနေနဲ့ လ၀ကဥပဒေအရအရေးယူပြီး ပြစ်ဒဏ် ကျခံပြီးပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါတယ်။
Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေ

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026