NEWS

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား၆၀ကျော် ကို နေရပ်ပြန်ပို့

CoverLogo
374 Views
 
မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၆၂ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းမလေးရှားလူဝင်မူကြီးကြပ်ရေးကထုတ်ပြန်ထားပါတယ်။
 
အောက်တိုဘာ၂၁ရက်က မလေးရှားနိုင်ငံ၊ ဂျုဟိုးဘာရူး ပီကန်နာနာ့စ်လူဝင်မူကြီးကြပ်ရေးကန့်မှ မြန်မာအပါအဝင် နိုင်ငံခြားသား ၁၄၉ဦးကို မိခင်နိုင်ငံတွေ ကို ပြန်ပို့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ပြန်ပို့ခံရတဲ့ နိုင်ငံခြားသား တွေ ထဲ မှာ အင်ဒိုနီးရှား နိုင်ငံသား ၇၁ ဦး၊ မြန်မာနိုင်ငံသား ၆၂ ဦး၊ကိုးရီးယားနိုင်ငံသား ၅ဦး၊တရုတ်နိုင်ငံသား ၄ဦး၊စင်္ကာပူနိုင်ငံသား ၃ဦး၊ဗီယက်နမ်နိုင်ငံသား ၂ဦးနဲ့ သီရိလင်္ကာနိုင်ငံသား ၂ဦးပါဝင်တယ်လို့ သိရပါတယ်။
 
နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေကို မလေးရှား လူဝင်မူကြီးကြပ်ရေးဌာနမှာ အမည်ပျက်စာရင်းသွင်းထားပြီး ၅ နှစ်အတွင်း မလေးရှားနိုင်ငံသို့ဝင်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း အထောက်အထားမပြည့်စုံဘဲ ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ ကို အဖမ်းဆီးတွေ နေ့စဉ် ပြုလုပ်နေပြီး ပြစ်ဒဏ်ကျခံပြီးပါက မိခင် နိုင်ငံ ကို ပြန်လည် လွှဲပို့ပေးလျက်ရှိရာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို လည်း လစဉ် ပြန်ပို့ တာတွေရှိကြောင်းသိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026