NEWS

မလေးရှားကို အထောက်အထားမဲ့ ဝင်ရောက်ဖို့ ပွဲစားခ ဘတ်၂၅၀၀၀ စီပေးထားတဲ့ မြန်မာလုပ်သား ၁၉ ဦး ထိုင်းမှာ အဖမ်းခံရ

CoverLogo
555 Views
 
မလေးရှားနိုင်ငံကို အထောက်အထားမဲ့ သွားရောက် ဖို့ ပွဲစားခ ဘတ် ၂၅၀၀၀ အထိ ပေးရတဲ့ မြန်မာ လုပ်သား ၁၉ ဦးဟာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အတွင်းမှာ အဖမ်းခံရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၉ ဦးဟာ မတ် ၁၈ ရက် မှာ ကန်ချနဘူရီခရိုင် ရှိ ဝမ်ကကျေးရွာအနီး ရန်တီမြစ် ကို စက်လှေနဲ့ ဖြတ်သန်းရာမှ မြစ်လယ်ရှိ ထိုင်းရေကင်းလှည့်တပ်ဖွဲ့ က ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၎င်း စက်လှေ ကို ထိုင်းနိုင်ငံသား၂ဦးက မောင်းနှင်ခဲ့ပြီး စက်လှေ အတွင်း အနက်ရောင် အစနဲ့ မြန်မာအလုပ်သမားတွေကို ဖုံး အုပ်ပြီး တင်ဆောင်လာတယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၁၉ ဦးထဲမှာ ကလေးငယ်တစ်ဦးလည်းပါဝင် ပြီး ပွဲစား တွေ က ကုန်းကြောင်း၊ ရေကြောင်း တို့နဲ့ အဆင့်ဆင့် ခေါ်ယူခဲ့ကာ ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး အလုပ်သမားတစ်ဦး ကို ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ ( မြန်မာငွေ၃၂ သိန်း ဝန်းကျင်) အထိ ပေးရတယ်လို့ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေက ထွက်ဆိုထားပါတယ်။
ယခု ဖမ်းမိတဲ့ မြန်မာအလုပ်သမား တွေ ကို Sangkhlaburi ရဲစခန်း သို့ ခေါ်ဆောင်သွားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Ref-kanchanaburi News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026