NEWS

မလိုအပ်ဘဲဘဏ်မှ ငွေသားမထုတ်ဖို့ စစ်ကောင်စီပြော

CoverLogo
512 Views

ဘဏ်မှငွေသားထုတ်ယူမှုများကို မလိုလားအပ်ဘဲမပြုလုပ်ဖို့ မဖြစ်မနေလိုအပ်မှသာထုတ်ယူဖို့ အများပြည်သူသို့ အသိပေးပြောဆိုထားတယ်လို့ စစ်ကောင်စီကဆိုလိုက်ပါတယ်။ 

"ဘဏ်တစ်ခုအတွင်းရှိ ငွေစာရင်းများအချင်းချင်းသို့မဟုတ် မတူညီသည့်ဘဏ်များမှငွေစာရင်းများအချင်းချင်းအကြား ငွေစားရင်းများလွှဲပြောင်းခြင်း အကောင့် account transfer ကိုသာပိုမိုအသုံးပြုရန်နှင့် ငွေသားထုတ်ယူခြင်းကို မဖြစ်မနေကိစ္စရပ်အတွက်သာထုတ်ယူရန် အများပြည်သူသို့ပန်ကြားပြီးဖြစ်တယ်" လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြည်တွင်းမီဒီယာတစ်ခုရဲ့မေးမြန်းမှုကို ပြန်လည်ဖြေ ဆိုထားပါတယ်။ 

ဒါ့အပြင် ငွေသားထုတ်ယူမှုများပြီး မလိုလားအပ်သော ငွေကြေးဖောင်းပွမှုများဖြစ်ကာ  ကုန်စျေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာခြင်း၊ ကုန်သွယ်မှု မတည်မငြိမ်ဖြစ်ခြင်း၊ ကုန်စျေးနှုန်းကစားသူများကြောင့် ပြည်သူ များအနေဖြင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကိုခံစားရတာကြောင့် မသမာမှုများ ဆောင်ရွက်သူများ၊ စျေးကစား သူများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ က စိစစ်အရေးယူဆောင်ရွက်မှုများလည်း လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ 

မီဒီယာအချို့ရဲ့သွေးထိုးလှုံ့ဆော် ရေးသားမှုများကြောင့်  ပြည်သူများစိုးရိမ်ပူပန်ကာ  ဘဏ်များမှ ငွေသားထုတ်ယူမှုများရှိကာ မသမာသူစီးပွားရေးသမားများရဲ့  ဒေါ်လာစျေး၊ ရွှေစျေးကစားမှုများကြောင့် ငွေကြေးမတည် ငြိမ်မှုဖြစ်ခြင်းမှတစ်ဆင့် ကုန်စျေးနှုန်းများမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတယ်လို့ ဆက်လက်ပြောဆိုပါတယ်။ 

ပြည်သူများအနေနဲ့ ငွေစုဘဏ်စာရင်း saving account ဆိုပါက တစ်ပတ်လျှင် တစ်ကြိမ် ငွေထုတ်ယူနိုင်ပြီး စာရင်းသေအပ်ငွေဆိုပါက သက်တမ်းပြည့်ချိန်တွင် ထုတ်ယူနိုင်ကြောင်း၊ ငွေစာရင်းအဟောင်းများက  ၂၀၂၂ ခုနှစ်ဧပြီလက ဗဟိုဘဏ်ထုတ်ပြန်ခဲ့တဲ့ ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေးသတ်မှတ်ချက်ပါအတိုင်း ငွေသားထုတ်ယူနိုင်သလို ဒစ်ဂျစ်တယ်နည်းလမ်းများ အသုံးပြုပြီးငွေကြေး လွှဲပြောင်းမှုများပြုလုပ်နိုင်တယ်လို့လည်းဆိုထားပါတယ်။ 


Related posts

Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ
Dec 18, 2024
Cover
ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ
Sep 13, 2024
Cover
ဒေါ်လာဈေးပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်
Aug 30, 2024
Cover
ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်
Aug 13, 2024
Cover
မြင်းခြံသံမဏိစက်ရုံအနီးက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံယာယီပိတ်သိမ်း
Aug 13, 2024
Cover
လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိတဲ့ အွန်လိုင်းဈေးရောင်းသူတွေကို အရေးယူမယ်ဟုဆို
Aug 12, 2024
Cover
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ကျော်ထိဈေးမြင့်တက်လာ
Aug 09, 2024