NEWS

မြင်းခြံသံမဏိစက်ရုံအနီးက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံယာယီပိတ်သိမ်း

CoverLogo
494 Views

သြဂုတ်၁၂ရက် မွန်းလွဲပိုင်းက တိုက်ပွဲပြင်းထန်မှုကြောင့်  မန္တလေးတိုင်းဒေသကြီး မြင်းခြံသံမဏိစက်ရုံအနီးက သဘာ၀ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံပိတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။  

"ကျွန်တော်တို့သိရသလောက်တော့ အဲ့ဒီဓာတ်အားပေးစက်ရုံက စစ်ကောင်စီက စခန်းချထားတာ။ လုံခြုံရေးလည်းယူရင်း  သူကပြည်ပကလာပြီးရင်းနှီးမြှုပ်နှံတဲ့စက်ရုံဆိုတော့ ပြည်ပကပညာရှင်တွေပေါ့။ အလုပ်သမားသိပ်မရှိဘူးလို့လည်းကြားရတယ်။  ပိတ်လိုက်ရတာတော့သေချာတယ်။ သူတို့အကုန်ရှောင်ပြေးရတယ်ကြားတယ်"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။  

သြဂုတ်၁၂ ရက် နံနက် ၅ နာရီခန့်မှစတင်ကာ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တို့က ဦးဆောင်ပြီး တောင်သာမြို့နယ်ရှိ စစ်ကောင်စီရဲ့  ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ စွပ်ကျယ်စက်ရုံ၊ ဘုရားလှပျူစောထီးရွာစတဲ့ နေရာတွေက စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တောင်သာမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်းနှင့် အမှတ် (၁) စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားကာ  တောင်သာမြို့ရဲစခန်း ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး မြင်းခြံအမှတ်(၁၀) စွပ်ကျယ်စက်ရုံလည်း မီးလောင်ကျွမ်းမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။  

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် မြင်းခြံ ဓာတ်အားပေးစက်ရုံလုပ်ငန်း ယာယီရပ်ဆိုင်းကြောင်း စင်္ကာပူ Sembcorp ကုမ္ပဏီက ကြေညာလိုက်တာဖြစ်ရာ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံလုပ်ငန်းတွေကို နယ်မြေလုံခြုံရေး အခြေအနေအရ ဆိုင်းငံ့လိုက်ပြီး၊ လုံခြုံမှုရှိပြီး သင့်တော်တဲ့အချိန်မှာ ပြန်လည်ပတ်မှာဖြစ်တယ်လို့  ကုမ္ပဏီက ကြေညာချက်မှာဖော်ပြထားပါတယ်။

အဆိုပါ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ စင်ကာပူနိုင်ငံအခြေစိုက် စွမ်းအင်ကုမ္ပဏီ Sembcorp Industries အုပ်စုရဲ့  အမေရိကန်ဒေါ်လာ သန်း ၃၁၀ ခန့်ရင်းနှီးမြှုပ်နှံထားတဲ့  လျှပ်စစ်ဓာတ်အား ၂၂၅ မဂ်ဂါဝပ် ထုတ်လုပ်ပေးနိုင်တဲ့  သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ(Sembcorp Myingyan IPP)ဖြစ်ပြီး ၂၀၁၈ခုနှစ် မတ်လကမန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ် မြင်းခြံသံမဏိစက်ရုံအနီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။  

အဆိုပါ စက်ရုံဟာ  တစ်နာရီလျှင် လျှပ်စစ်ဓါတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ပြီး တစ်နှစ်လျင်  ၁၅၀၀ ဂီဂါဝပ် ထုတ်လုပ်ပေးနိုင်ပြီး လူဦးရေ ၅ ဒသမ ၃ သန်းအတွက်လျှပ်စစ်ဓါတ်အားများ ထောက်ပံပေးနိုင်ဟု Sembcorp Industries ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။  

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ - နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တ်လော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားပါတယ်။

 


Related posts

Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ
Dec 18, 2024
Cover
ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ
Sep 13, 2024
Cover
ဒေါ်လာဈေးပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်
Aug 30, 2024
Cover
ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်
Aug 13, 2024
Cover
လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိတဲ့ အွန်လိုင်းဈေးရောင်းသူတွေကို အရေးယူမယ်ဟုဆို
Aug 12, 2024
Cover
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ကျော်ထိဈေးမြင့်တက်လာ
Aug 09, 2024
Cover
ပို့ကုန်ရငွေပမာဏရဲ့  ၃၅ ရာခိုင်နှုန်းအစား ၂၅ရာခိုင် နှုန်းကို ကျပ်ငွေလဲလှယ်ရန် စစ်ကောင်စီ ဗဟိုဘဏ်သတ်မှတ်
Aug 08, 2024