NEWS

ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ

CoverLogo
735 Views

ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးအကျဘက်သို့ဦးတည်လာရာကနေ  ပြင်ပနိုင်ငံခြားငွေဈေးကွက်မှာတော့ ဒေါ်လာအရောင်းအ၀ယ်မြင့်မားလာတယ်လို့ သိရပါတယ်။ 

"အမြင့်ဆုံး ၈၀၀၀ လောက်အထိတက်ခဲ့တာဆိုတော့ ခုပြန်ကျလာတော့အရောင်းအ၀ယ်မြင့်လာတယ်။ ကျွန်တော်သတိထားမိသလောက်က သြဂုတ် ၈ ရက်နေ့လောက်ကစပြီး တစ်ဒေါ်လာ ၅၀၀၀ နဲ့အရောင်းအ၀ယ်ဖြစ်လာရင် မနေ့ကနေ ၅၂၀၀ နဲ့ကိုရောင်းတဲ့သူးလည်းရှိသလို ၀ယ်တဲ့သူလည်းများတယ်။  ၅၀၀၀ အောက်ထိတော့မဆင်းနိုင်ဘူးလို့မြင်ကြတာလည်းပါမယ်ထင်တယ်။ တစ်ချို့ကလိုက်၀ယ်ထားပြီးတက်ဈေးစောင့်ကြမှာပေါ့ တစ်ချို့ကတစ်ကယ်လိုတာရှိတယ်။ လူပ်ငန်းသုံး ကျောင်းသုံး ရုံးသုံး ကျန်းမာရေးအတွက်ပေါ့။ တစ်ချို့ကတော့ဈေးကစားကြတာ။ ခုရက်ပိုင်း ၅၀၀၀ ကနေ  ၅၂၀၀ အထိကိုအရောင်းအ၀ယ်တော်တော်များများလုပ်လာတယ်။ အပြင်မှာတော့ ၅၃၀၀ ပေါက်နေတယ်"လို့  ဒေါ်လာအသုံးပြုလုပ်ငန်းလည်ပတ်နေသူတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။ 

ပြီးခဲ့တဲ့သြဂုတ်လ ၁၂ ရက်ခန့်က ပြင်ပငွေလဲနှုန်းများအရ အမြင့်ဆုံးဈေးနှုန်းမှာ တစ်ဒေါ်လာကျပ် ၈၀၀၀  အထိမြင့်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ဒေါ်လာငွေလဲနှုန်းမှာ ပြန်လည်ကျဆင်းခဲ့ရာကနေ ဒေါ်လာဈေးနှုန်းကျဆင်းမှုမှာ ဆက်တိုက်ဖြစ်ပွားခဲ့ရာ သုံးရက်အတွင်းတစ်ဒေါ်လာကျပ် ၆၀၀၀ ၀န်းကျင်အထိ ပြန်လည်ကျဆင်းလာခဲ့တာပဲဖြစ်ပါတယ်။ 

အဲ့ဒီနောက်တစ်ဖြေးဖြေးဆက်လက်ကျ ဆင်းလာခဲ့ပြီး  တစ်ဒေါ်လာ ကျပ် ၅၆၀၀၊ ၅၄၀၀ ဝန်းကျင်သို့ ထပ်မံကျဆင်းခဲ့တာပဲဖြစ်ပါတယ်။  

စက်တင်ဘာလဆန်းပိုင်းတွင်မူ ဒေါ်လာဈေးမှာ ဆက်လက်ကျဆင်းလာခြင်းမရှိဘဲ ဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်ငါးထောင်အထက်တွင်သာရှိနေခဲ့တာဖြစ်ပြီး စက်တင်ဘာ ၈ ရက်ညနေပိုင်းမှာတော့  တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်အထိ သိသိသာသာကျဆင်းလာခဲ့ရာ  အနိမ့်ဆုံးကျဆင်းမှုအဖြစ် တစ်ဒေါ်လာလျှင် ကျပ် ၄၉၀၀ နှင့် ၄၈၀၀ ကျပ်အကြားသို့ရောက်ရှိခဲ့ပြီး ဈေးဆွဲတင်ကစားမှုများကြောင့် ညတွင်းချင်းမှာပင် တစ်ဒေါ်လာ ကျပ် ၅၁၀၀ အထိပြန်လည်မြင့်တက်သွားခဲ့ပါတယ်။

စက်တင်ဘာ ၉ရက်မှာတော့  တစ်ဒေါ်လာကျပ် ၅၁၅၀ဖြစ်ရာကနေ ပြင်ပဈေးကွက်ထဲမှာလည်း တစ်ဒေါ်လာလျှင် ကျပ် ၅၀၀၀ နဲ့ဆက်တိုက်အရောင်းအ၀ယ်ဖြစ်နေခဲ့သလို  စက်တင်ဘာ ၁၁ရက်နဲ့၁၂ရက်မှာတော့ ကျပ် ၅၂၀၀ နဲ့အရောင်းအ၀ယ်မြင့်တက်ကာ စက်တင်ဘာ ၃ရက်ရက်မှာတော့ ၅၃၀၀ နဲ့ဆက်လက်အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိတွင် အရောင်းအ၀ယ်ဖြစ်နေကြရာမှာတော့ ကျပ်ငွေလိုက်နေလို့ ပြန်ရောင်းနေတာရှိသလို ပြည်ပသို့ထွက်ခွာသူများ ပြည်ပသို့ ကျောင်းသွားတက်သူများ၊ ကျန်းမာရေးဆေးကုသရန်နဲ့ ပြည်တွင်းပြည်ပချိတ်ဆက်  အွန်လိုင်းရှော့ပင် အရောင်းအ၀ယ်ပြုလုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ဒေါ်လာလိုအပ်ချက်များကြောင့် တစ်ဒေါ်လာကျပ် ၅၀၀၀ တန်းရောက်ရှိစဉ်ကနေဆက်တိုက်အရောင်းအ၀ယ်ဖြစ်လာတာလို့ သိရပါတယ်။ 

စစ်ကောင်စီက စက်သုံးဆီဈေးကွက်အတွင်းဒေါ်လာရောင်းချပေးမှုရှိခဲ့သလို သြဂုတ်လဆန်းပိုင်းတွင် ဒေါ်လာသန်း ၁၀၀ ကျော်ကို ပံ့ပိုးပေးမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီး သြဂုတ်လမှ စက်တင်ဘာလအထိ ဈေးကွက်အတွင်း စုစုပေါင်းဒေါ်လာ ၂၀၁ ဒသမ ၉ သန်းကျော် ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့တာကြောင့်  ယခုလို ဈေးကျလာတာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိပေမဲ့လည်း ပြည်ပအရေးယူပိတ်ဆို့မှုတွေရှိနေသလို ဒေါ်လာရောင်းချပေးရာမှာလည်း  အမှန်တကယ်လိုအပ်နေတဲ့သူတွေဆီမရောက်တာကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာတော့ ဒေါ်လာဈေးအနည်းငယ်ကျဆင်းမှုကယာယီသာဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026