NEWS

လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိတဲ့ အွန်လိုင်းဈေးရောင်းသူတွေကို အရေးယူမယ်ဟုဆို

CoverLogo
96 Views

အွန်လိုင်း ကနေ ဈေးရောင်းချသူတွေ အနေနဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် မရှိဘဲ ရောင်းချခြင်း ကို တွေ့ရှိပါက အရေးယူတော့မှာ ဖြစ်တယ်လို့ ကုန်သွယ်မှုဦးစီးဌာနကဩဂုတ်လ ၉ရက် နေ့က အသိပေးပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ရက် မှာ အွန်းလိုင်းစနစ် နဲ့ ဈေးရောင်းချတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေ ကို မှတ်ပုံတင် လျှောက် ထား ဖို့  ကြေညာခဲ့ပါတယ်။

အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၆လ ပြည့်မြောက်တဲ့နေ့က စပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ  အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်း တွေကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅အရ အရေးယူခြင်းခံရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အသိပေး ကာလ ခြောက်လ ကျော်ပြီ ဖြစ်တဲ့ အတွက် မှတ်ပုံတင်မရှိဘဲ အွန်လိုင်းကနေ ဈေးရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက  အရေးယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ၅ အရ အရေးယူခံရမယ့်သူဟာ ထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံး၃နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင်ငွေဒဏ် ငါးသိန်းကျပ် ထက်မပိုတဲ့ ငွေဒဏ်လဲ ချမှတ်ခံနိုင်တယ်လို့သိရပါတယ်။


Related posts

Cover
ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ
Sep 13, 2024
Cover
ဒေါ်လာဈေးပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်
Aug 30, 2024
Cover
ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်
Aug 13, 2024
Cover
မြင်းခြံသံမဏိစက်ရုံအနီးက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံယာယီပိတ်သိမ်း
Aug 13, 2024
Cover
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ကျော်ထိဈေးမြင့်တက်လာ
Aug 09, 2024
Cover
ပို့ကုန်ရငွေပမာဏရဲ့  ၃၅ ရာခိုင်နှုန်းအစား ၂၅ရာခိုင် နှုန်းကို ကျပ်ငွေလဲလှယ်ရန် စစ်ကောင်စီ ဗဟိုဘဏ်သတ်မှတ်
Aug 08, 2024
Cover
အလုပ်သမား၂၀၀၀ ကျော်ကို အလုပ်အကိုင်အခွင့်လမ်းပေးနိုင်မယ့် လုပ်ငန်းအသစ် ၅ခု ခွင့်ပြုထားဟုဆို
Aug 06, 2024
Cover
မလိုအပ်ဘဲဘဏ်မှ ငွေသားမထုတ်ဖို့ စစ်ကောင်စီပြော
Jul 10, 2024