NEWS

"မန်ရီ”(MAN-YI) မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အချို့ မိုးရွာနိုင်

CoverLogo
785 Views
 
ဖီလစ်ပိုင်နိုင်ငံ၊ လူဇုန်အလယ်ပိုင်းဒေသကို ဖြတ်ကျော်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း“မန်ရီ”(MAN-YI) ရဲ့ အရှိန် ကြောင့် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး နဲ့ ပြည်နယ် အချို့မှာ မိုးရွာအုံးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ကြောညာထားပါတယ်။
 
နိုဝင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ၅နာရီခွဲ အချိန်တိုင်းထွာချက် တွေ အရ ဖီလစ်ပိုင်နိုင်ငံ၊ လူဇုန်အလယ်ပိုင်းဒေသ တွေ ကို ဖြတ်ကျော်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း“မန်ရီ”(MAN-YI)ဟာ တောင်တရုတ် ပင်လယ်ပြင်သို့ ရောက်ရှိကာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးရွာနိုင်ကာ ရွာရန် ရာနှုန်းမှာ ၈၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊၎င်း မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် မှာ မိုးရွာသွန်းခြင်းနဲ့ အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ် တွေ ဖြစ်ပေါ် နိုင်တဲ့ အတွက် ကြိုတင်သတိပြုဖို့ မိုးဇလ က အကြံပြု ထားပါတယ်။
 
နောက်(၂)ရက်အတွက်ခန့်မှန်းချက် မှာ လည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025