NEWS

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်း

CoverLogo
440 Views

စစ်အာဏာသိမ်းစဉ် ပထမဆုံး အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းဟာ မန္တလေးမြို့မှာ စစ်တာဏာရှင် အဆုံးသတ်တိုက်ပွဲအတွက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားဆန္ဒပြမှုကိုထပ်မံလုပ်ဆောင်လိုက်ပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်ရာမှာ စစ်ရေးတိုက်ပွဲတွေနဲ့အတူ လူထုတိုက်ပွဲ လူထုအုံကြွမှု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ အထူးလိုအပ်ပြီး စစ်ရေးနည်းနာတစ်ခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့မရဘူးလို့ သတင်းစကား ပြောကြားပါတယ်။

"ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။
အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပါပြီ"လို့ ဒေါက်တာတေဇာဆန်းက တိုက်တွန်းထားပါတယ်။

ပြည်သူတွေလုပ်ဆောင်ရမဲ့ "ဘူး"သပိတ်အနေဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်မခံဖို့၊ မပူးပေါင်း မနာခံဖို့ အခွန်အခတွေမပေးဖို့ ၊ စစ်တပ်ပိုင်ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံးဖို့၊ မသယ်ဖို့၊ မရောင်းဖို့၊ စစ်တပ်ထောက်တိုင်တွေကို လက်မခံဖို့၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ ၊ မဲမပေးဖို့ အစရှိသဖြင့် စစ်အာဏာရှင်ကို သွေးပျက်ခြောက်ခြားအောင် ထိုးနှက်ကြဖို့ လှုံ့ဆော်ထားပါတယ်။

နောက်ပြီး "ကျနော်တို့ ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ အချိန်ကြပါပြီ"လို့ ယင်းက တိုက်တွန်းပြောကြားပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026