NEWS

မတ်လ ၁ရက် မှစ၍ OWICကတ် ဖိုးငွေကို မြန်မာ့စီးပွားရေး ဘဏ်ကနေ ပေးသွင်းရမည်ဟုကြေညာ

CoverLogo
316 Views
 
ပြည်ပ ကို တရားဝင် အလုပ်သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားတွေ အနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC)အတွက် ပေးသွင်းရမယ့် ငွေ ကို ၂၀၂၆ခုနှစ် မတ်လ ၁ရက်က စပြီး မြန်မာ့စီးပွားရေးဘဏ်ကနေ ပေးသွင်းရမယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဖေဖေါ်ဝါရီ၁၀ရက်မှာ အသိပေးကြေညာပါတယ်။
 
PJနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ပြည်ပ သို့ သွားရောက် အလုပ်လုပ်ကိုင်မယ့် လုပ်သားတွေ အနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ကို မိမိအစီစဉ်ဖြင့် လည်းကောင်း၊အေဂျင်စီ အစီစဉ်ဖြင့် လည်းကောင်း လျှောက်ထားကျရာ OWICကတ် ပြုလုပ်ခွင့် ရရှိကြောင်း ကြေညာခံရတဲ့ အလုပ်သမားတွေ အနေနဲ့ မတ်လ၁ ရက်က စပြီးOWIC ကတ် ဖိုး ၅၆၀၀ကျပ်နဲ့ ယခင် OWICကတ် ပျောက်ဆုံးပျက်စီး ဖြစ်ပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွေကတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီရဲ့ ငွေစာရင်းအမှတ်OA-013904 သို့ အလုပ်သမားကိုယ်တိုင်ငွေလွှဲလျှောက်လွှာဖြင့် ပေးသွင်းရမယ်လို့ အသိပေးကြေညာထားပါတယ်။
 
"အရင်က OWICကတ် ပြုလုပ်တဲ့ နေ့မှ မြောက်ဒဂုံ ရုံးမှာဘဲ သွင်းရတာ အခု မြန်မာ့စီးပွားရေးဘဏ်မှာ သွားသွင်းရမှာဆိုတော့ ပိုအလုပ်ရှုပ်တာပေါ့ ငွေမှားသွင်းရင်လည်း ကတ်လည်း မရဘူး ကတ်ဖိုး လဲဆုံးမှာ အခုပုံစံက လွယ်တာကို ခက်အောင် လုပ်နေသလိုပါဘဲ"လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
OWIC ကတ်ဖိုးငွေ ကို OA-013904 သို့ ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့တဲ့ ငွေလွှဲလျှောက်လွှာမူရင်းနှင့် အတူ မိတ္တူ(၁)စောင် အားယူဆောင်၍ OWIC ပြုလုပ်ရမယ့် ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(မြောက်ဒဂုံ)OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ငွေပေးသွင်းသူတွေ အနေ နဲ့ ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ(မူရင်း) ပြသနိုင်မှုမရှိခြင်းတို့ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမှာ မဟုတ်ကြောင်း အသိပေးကြေညာ ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026