မတရား စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး နှင့် အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)အဖွဲ့ဝင်အဖွဲ့အစည်းများဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် တာမွေသပိတ်ကော်မတီ(Tarmwe Strike Committee)၊ လူ့ဘောင်သစ်လူငယ်(Youth For New Society)နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်တဲ့ Mayangone Democratic Front(MDF)၊ Kyimyindaing Networks(KMD18)၊ လင်းရောင်နီ(လူငယ်အဖွဲ့အစည်း)၊ Owl Community တို ပူးပေါင်းကာ “မတရားစစ်မှုထမ်းဥပဒေ ကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ မတရား စစ်မှုထမ်း ဥပဒေ ဖျက်သိမ်းရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။