NEWS

မတရားအလုပ်ထုတ်ခံရပြီးနောက် မြန်မာအလုပ် သမား ၁၀၀ ကျော်အတွက်လုပ်အားခ ဘတ် ၁.၂၃ သန်းကျော် ပြန်လည်ရရှိ

CoverLogo
410 Views
 
ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်ရှိ ပလက်စတစ်ပရိဘောဂ စက်ရုံတရုံမှာ အကြောင်းမဲ့အလုပ်ရပ်နားခံရတဲ့ မြန်မာအလုပ်သမား (၁၀၀ ကျော်) ဟာ ရုံးဝင်ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ MWSC နှင့် LRF တို့ရဲ့ ကူညီမှုနဲ့ ငွေကြေးအကျိုးခံစားခွင့်စုစုပေါင်း ဘတ် ၁,၂၃၇,၇၁၉ (၁.၂၃ သန်းကျော်) ပြန်လည်ရရှိနိုင်ခဲ့တယ်လို့ အဆိုပါအဖွဲ့ကထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ အလုပ်ရှင်က စက်ရုံကို ချွန်ဘူရီသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာပြီး၊ မလိုက်ပါသူများအား အလုပ်မှ ထုတ်ပယ်လိုက်တာလို့ သိရပါတယ်။
 
မြန်မာအလုပ်သမားတွေက ဝေါ့ပါမစ်နှင့်ဗီဇာသက်တမ်းတိုးရန် တဦးလျှင် ၇၅၀၀ ဘတ်ပေးထားခဲ့သော်လည်း အလုပ်ထုတ်ခံရတာဖြစ်ပြီး Labour Rights Foundation LRF ကိုတိုင်ကြားပြီးနောက် တာဝန်ရှိအဖွဲ့များနှင့်ပူးပေါင်းကာ တရားမဝင်ဖြစ်ရပ်ကို တိုင်ကြားခဲ့ပါတယ်။
 
ဇူလိုင် ၁၈ ရက်မှာ စာရွက်သက်တမ်းတိုးအတွက် ၅၄၆,၀၀၀ ဘတ် ပြန်လည်ရရှိခဲ့ပြီး ဇူလိုင် ၂၃ ရက်မှာ လုပ်အားခကျန်ငွေ ၆၉၁,၇၁၉ ဘတ် ထပ်မံရရှိခဲ့ပါတယ်။
 
ယခုအထိ လက်ရှိပြန်လည် ရရှိခဲ့သော စုစုပေါင်းငွေမှာ ဘတ် ၁,၂၃၇,၇၁၉ ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ နစ်နာကြေးနှင့် ကြိုတင်မပြောခ (နို့တစ်ကြေး) တွေကိုလည်း ရရှိအောင် ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ LRF ကထုတ်ပြန်ပါတယ်။
Photo-LRF

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026