မကွေးအကျဉ်းထောင်သို့ ဇွန်လလယ်က ထောင်အပြောင်းရွှေ့ဖြင့်ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားများကိုလက်ရှိအချိန်ကာလအထိ မကွေးထောင်အာဏာပိုင်များမှ ရိုက်နှက်ဖိနှိပ်ခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းဝိုင်းများထံက သိရပါတယ်။
"ကျွန်တော်တို့ကြားသိရသလောက်ကတော့ ပြီးခဲ့တဲ့ဇွန်လလယ်လောက်ကတည်းကလို့သိရပါတယ်။ အိုးဘ်ိုထောင်ကနေပြောင်းလာကြတာ။ စပြီးအရိုက်ခံရကတည်းကဘာလို့ရိုက်တာလဲမေးတော့ ပိုပြီးအရိုက်ခံရတယ်။ လက်ရှိအချိန်ထိဆိုတေ့ာ ရက်ရှည်ဖိနှိပ်ရိုက်နှက်ခံနေရတယ်"လို့ မန္တလေးကနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုပါတယ်။
အဲ့ဒီလိုရက်ရှည်ထောင်တွင်းနှပ်စက်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း ဇွန်လ (၁၅)ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်မှ မကွေးအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားများကို မကွေးအကျဉ်းထောင်ရှိ ထောင်တာ၀န်ခံများက ထောင်တွင်းဖိနှိပ်ရိုက်နှက်မှုများရှိခဲ့ပြီး ထောင်တွင်းဖိနှ်ိပ်ရိုက်နှက်မှုတွေကို အကျဉ်းဦးစီးဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး နှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ကဦးဆောင်ဖိနှိပ်နေကြတာဖြစ်တယ်လို့ အမည်နဲ့တစ်ကွထည့်သွင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။
ဇွန်၁၅ရက်နေ့မှာ ထောင်ပြောင်းဖြင့် ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား(၄၀)ကျော်ကို ရောက်ရှိပြီးနောက်ရက်ဇွန်လ(၁၆)ရက်နေ့တွင် Main Jail သို့ ခေါ်ဆောင်ပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး ခြေကျင်းဒေါက်များကို ၁၄ရက်တိတိခတ်ထားခြင်းနဲ့ ဇွန်(၁၆)ရက်မှ ဇွန်လကုန်အထိ အကျဉ်းဦးစီး ဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦး နှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်ကာ နိုင်ကျဉ်းများကိုဖိနှိပ်ရိုက်နှက်မှုများကို နေ့စဉ်ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီလို အဆောင်မှ နေ့စဉ်ခေါ်ထုတ်ရိုက်နှက်မှုကိုခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားများမှ ရိုက်နှက်မှုပြုလုပ်ခဲ့တဲ့ အကျဉ်းဦးစီးတာ၀န်ရှ်ိသူများကို နိုင်ငံရေးအကျဉ်းသားများကိုသာ ရွေးချယ်ရိုက်နှက်ရတဲ့အကြောင်းရင်းမေးမြန်းခဲ့ရာက မေးမြန်းခဲ့တဲ့နိုင်ငံရေးအကျဉ်းသားများထဲမှ ဦးဆောင်သူဟု ၎င်းတို့ယူဆရတဲ့နိုင်ငံရေးအကျဉ်းသား(၁၀)ဦးကို ထပ်မံရိုက်နှက်ကာ လက်ရှိအချိန်ထိ တိုက်ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။
NEWS
မကွေးထောင်ကို အပြောင်းအရွှေ့နဲ့ ရောက်လာတဲ့နိုင်ငံရေးအကျဥ်းသားတွေ ရိုက်နှက်ဖိနှိပ်ခံနေရဆဲဟုဆို

547 Views
Related posts

ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026

စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026

စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026

အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026

လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026

မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026

မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
