NEWS

ဘုရားသုံးဆူမှ တစ်ဆင့် ထိုင်းနိုင်ငံသို့တရားမဝင် နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား၅၀ကျော် အဖမ်းခံရ

CoverLogo
517 Views

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမှ တစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ် ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား ၅၀ကျော်ကို ထိုင်းအာဏာပိုင် များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွေ ရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

အဆိုပါ မြန်မာ အလုပ်သမားတွေကို ဇွန်လ ၁၇ရက် ညနေ ၆နာရီက ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ၈ ပါစောင်ကရိ တောစပ်အနီးနား  တွင် စစ်ဆေးရေးဂိတ်တစ်ခု ကိုရှောင်ရန် အတွက် အုပ်စုလိုက်  လမ်းလျှောက်လာစဉ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူများတွင် ကလေးငယ်၃ဦး အပါအဝင် မြန်မာအလုပ်သမား အမျိုးသား ၊ အမျိုးသမီး စုစုပေါင်း ၅၆ဦး အဖမ်းခံရတယ်လို့ သိရပါတယ်။

စကားပြန်၏ပြောပြချက်အရ ယင်းအလုပ်သမားများ မှာ ဘုရားသုံးဆူမှတဆင့် ဝင်ရောက်လာကြတာဖြစ်ပြီး 
ခရီးစဉ်အတွက် ဘတ် ၁၆၀၀၀ ခန့်ပေးခဲ့ရတယ် လို့ သတင်းမှာဖေါ်ပြထားပါတယ်။

ဖမ်းဆီးမိသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဖူထောစံခလဘူရီ ရဲစခန်းသို့ ပို့ဆောင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026