NEWS

ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ

CoverLogo
276 Views
 
ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ကရိန်း ပြိုကျမှုကြောင့် မြန်မာ အလုပ်သမားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေ အရသိရပါတယ်။
 
ဖေဖေါ်ဝါရီ ၇ရက် ဒီကနေ့ မနက်၁၀နာရီ ခွဲ ခန့်မှာ ခလောင်တိန်နယ်မြေ Asoke ဧရိယာရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု မှာ ကရိန်း ပြိုကျပြီးအောက်တွင် အလုပ်လုပ် နေတဲ့ မြန်မာ အလုပ်သမား ၂ဦး အပေါ် ပြုတ်ကျခဲ့တဲ့ အတွက် မြန်မာ ​​လုပ်သား ​​အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
ဒဏ်ရာရသူ ၂ဦး ထဲ မှ အမျိုးသား အလုပ်သမား မှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ ပြီး ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိချိန်တွင် သတိမေ့မြောနေတာကြောင့် အရေးပေါ် အသက်ကယ်နည်း CPR ပြုလုပ်ကာ အထွေထွေဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
အမျိုးသမီး လုပ်သား ကတော့ ဘယ်ဘက်ခြေထောက် တွင် ဒဏ်ရာရရှိခဲ့ ပြီး ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
 
ကရိန်းပြိုကျရတဲ့ အကြောင်းရင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုံခြုံရေးနှင့် ဘေးကင်းမှုအခြေအနေတွေကို သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယခုရက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မတော်ဆတ မှု တွေကြောင့် မြန်မာလုပ်သားတွေ ထိခိုက်သေဆုံးမှု တွေ မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၄ရက် ညပိုင်းမှာလည်း ဘန်ကောက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
Ref-Khaosod, MGR

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026