ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ PJ နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူတွေ အနေနဲ့ ယခင်ကလို ရက်ချိန်းတိုကင်ယူဖို့ မလိုတော့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဩဂုတ် ၁၃ ရက်မှာကြေညာပါတယ်။
ပြည်ပကိုအလုပ်သွားရောက် လုပ်ကိုင်သူတွေ အတွက် ထုတ်ပေးတဲ့ PJနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်မှာ သက်တမ်းကုန်မယ့်သူတွေ ကိုစာအုပ်အသစ်ပြုလုပ်ပေးဖို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂ရက်က စပြီး စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်း တိုကင် လာယူတဲ့ အစီစဉ်စတင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရက်ချိန်း တိုကင်လာယူတဲ့ သူအရေ အတွက် မှာ အလွန် နည်းပါးသွားတဲ့ အတွက် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၇ ရက်စနေနေ့ က စပြီး ရက်ချိန်း တိုကင်ပေးတာကို ရပ်ဆိုင်းသွားမယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဒါကြောင့် PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်သူတွေ အနေနဲ့ ရုံးဖွင့်ရက်တိုင်း မြန်မာသံရုံး၊ ကောင်စစ်ဌာန မှာ ရက်ချိန်း တိုကင်မလိုဘဲ ကိုယ်တိုင်လာရောက် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။