NEWS

ဘန်ကောက်ရှိ ဆောက်လုပ်ဆဲ မိုးပျံတား ပြိုကျရာမှာ မြန်မာအလုပ်သမားတစ်ဦး ရဲ့ အလောင်းထပ်မံတွေ့ရှိ

CoverLogo
295 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်ဆောင်နယ်မြေအတွင်းက ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျတဲ့ ဖြစ်စဉ် တွင် မြန်မာအလုပ်သမားတစ်ဦးအလောင်း ထပ်မံ တွေ့ရှိတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
မတ်လ၁၅ရက်က ဘန်ကောက်ရှိ ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျတဲ့ အတွက်ကနဦးသတင်းတွေမှာ ထိုင်းနိုင်ငံသား ၃ ဦးနဲ့မြန်မာအလုပ်သမား၂ဦး စုစုပေါင်း၅ဦးသေဆုံး ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြိုကျတဲ့ တံတား ဧရိယာ အတွင် ရှာဖွေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်တာ မှာ မတ်လ၁၆ရက်နေ့က မြန်မာအလုပ်သမားတစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံ တွေ့ရှိခဲ့တဲ့ အတွက် သေဆုံးသူ ၆ဦး အထိ ရှိလာခဲ့ပါတယ်။
ထပ်မံတွေ့ရှိတဲ့ သေဆုံးသူမြန်မာအလုပ်သမား ဟာ အသက် ၂၂ နှစ်အရွယ် ကိုထိုက်ဝေယံဖြစ်ပြီး ယခင်သေဆုံးသူ မြန်မာအလုပ်သမား ၂ဦးမှာ ကိုဇင်ကိုအောင်နဲ့ ကိုနိုင်လင်းအောင်တို့ ဖြစ်ကာ တံတားပြိုကျမှုကြောင့် သေဆုံး မြန်မာအလုပ်သမား၃ဦး အထိ ရှိလာတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူ ၂၉ဦးခန့်ရှိပြီး ၎င်းတို့ ထဲ တွင် မြန်မာအလုပ်သမား၁၀ဦး အထက် ရှိတယ်လို့ သိရကာ ထိခိုက်ဒဏ်ရာ ပြင်းထန်သူများ လည်းပါဝင်တယ်လို့ ဆိုပါတယ်။
တံတားပြိုကျမှု ကို သက်ဆိုင်ရာက ဆက်လက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပြီး မတော်တဆမှုဖြစ်ပွားတဲ့ လုပ်ငန်းခွင်ကို ၁၄ ရက်ရပ်ဆိုင်းဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
၎င်းတံတားစီမံကိန်း မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာတုန်းကလည်း လုပ်ငန်းခွင်အတွင်း တံတား ပြိုကျခဲ့ပြီး မြန်မာအလုပ်သမား ၄ဦး အပါအဝင် ၆ဦးသေဆုံးခဲ့ကာ ၁၁ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ဓါတ်ပုံ-Bangkok Post

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026