NEWS

ဘန်ကောက်တွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ဘတ် နှစ်သိန်းနှင့် ညှိနှိုင်း

CoverLogo
469 Views

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ဖလမ်းစမ်က SSS & P. Design and Build Construction Co.,LTD ဆောက်လုပ်ရေး လုပ်ငန်းခွင််အတွင််း သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် သူဌေး ဖြစ်သူက နစ်နာကြေး ဘတ် ၂ သိန်းပေးပြီး ညှိနှိုင်းမှုတွေ ရှိနေတယ်လို့  WAG အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ ပထမ သေဆုံးသူရဲ့ အမေကို ဘတ် သုံးသောင်းပဲ ပေးတာ။ ဒါကို အကိုဝမ်းကွဲက ကျွန်တော်တို့ကို လာ ကြောင်းကြားလာလို့ သိရတာ။ လိုက်သွားတော့ အလောင်းက ဆေးရုံရောက်နေပြီ။ အမှုတွဲကြည့်လိုက်တော့လည်း ဘာမှ မတိကျနဲ့။ လုပ်ငန်းခွင်ထဲမှာ သေဆုံးတာတောင် အခန်းမှာ သေတယ်ဆိုပြီး လုပ်ထားတယ်။ တာဝန်ရှိတဲ့ သူဌေးကလည်း ဖိုးလက်မောင်း(တဆင်ခံ) ၊ မိဘတွေကလည်း အညာမှာ လာဖို့ ခက်တယ်။” လို့ ပြောပါတယ်။

သေဆုံးသူ ကိုအောင်လွင်ဦးမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခဲ့တဲ့ အထောက်အထားမရှိသလို သေမှုသေခင်း စာရွက်မှာလည်း လုပ်ငန်းခွင်အတွင်းသေဆုံးတယ်လို့ မဖော်ပြဘဲ အခန်းထဲမှာ ဓာတ်လိုက် သေဆုံးခဲ့တယ်ဆိုပြီး ထွက်ဆိုထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

 အသက် ၂၀ အရွယ် ကိုအောင်လွင်ဦးမှာ SSS & P. Design and Build Construction Co.,LTD ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေသူ ဖြစ်ပြီး ဧပြီလ ၁၉ ရက် ညနေ ၄ နာရီလောက်မှာ လုပ်ငန်းခွင်အတွင်း ဓါတ််လိုက် သေဆုံးခဲ့တာလို့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူကပြောပါတယ်။

အဲဒီ လုပ်ငန်းခွင်အတွင်း မြန်မာလုပ်သား ရာဂဏန်းနီးပါး ရှိနေပြီး WAG အဖွဲ့အနေနဲ့ သေဆုံးဆုံးသူအတွက်ပေးတဲ့  ဘတ် နှစ် သိန်းကို လက်မခံလိုဘဲ ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း ရရှိဖို့ ညှိနှိုင်းကြိုးစားနေတယ်လို့လည်း သိရပါ တယ်။ ဒါပေမဲ့  ကာယကံရှင် ဆန္ဒနဲ့ တခြား ထောက်ရှုရမဲ့ အကြောင်းအရာတွေရှိနေတယ်လို့လည်း WAG တာဝန်ရှိသူက ပြောပါတယ်။

“ထိုင်းစကားတက်တဲ့ တယောက်က ညှိပေးတော့ ဘတ် ၂ သိန်းနဲ့ ကျေအေးပေးပါဆိုပြီး ညှိကြတယ်။ သေဆုံးသူရဲ့ မိဘတွေကလည်း လာဖို့ခက်တော့ အလောင်းကို ကောင်းကောင်းမြေကျအောင် လုပ်ပေး ပါဆိုပြီး ပြောထား ယ် ။ ဘတ် သုံးသောင်းကနေ နှစ်သိန်း တိုးပေးပြိး ညှိကြတာပေါ့။ ကျွန်တော်တို့ အနေနဲ့ လက်မခံလိုဘူး။ ဒါပေမဲ့ အဖွဲ့စုံနဲ့ လုပ်ငန်းခွင်ကို ဝင်စစ်ရင်လည်း မြန်မာလုပ်သားတွေ ပိုနာမယ်။ ဒါလည်း ရှိနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်က ထိုင်းနိုင်ငံ၊ လယောင်မြို့ ၊ ပုံဒဲင်ရပ်ကွက်က လုပ်ငန်းခွင်တခုမှာ  ကရိန်းပျက်ကျတာကြောင့် မြန်မာ အလုပ်သမား၆ ဦး အပါဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်က သေဆုးသူ မြန်မာအလုပ်သမားတွေအတွက် တဦး ဘတ် ၁၆ သိန်းစီကို ကုမ္ပဏီဘက်က ပေးအပ်ဖို့ နှစ်ဖက် သဘောတူခဲ့တယ်ဆိုပြီး WAG အဖွဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်မှာ ဖော်ပြထားပါတယ်။ 

Photo- မြန်မာလုပ်သားတဦး သေဆုံးခဲ့သည့် လုပ်ငန်းခွင်အား အပြင်မှ မြင်ရစဉ် (WAG)

 #MyanmarLabourNews


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026