NEWS

ဘန်ကောက်တွင် ရေမြောင်းသန့်ရှင်းရေး အလုပ်လုပ်သည့် မြန်မာလုပ်သား၂ဦး ဓါတ်လိုက်သေဆုံး

CoverLogo
553 Views

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး ၊ ဆွယ်" ၃၇ "အနီးရှိ မြေအောက် ရေမြောင်းသန့်ရှင်းရေး အလုပ် လုပ်သည့် မြန်မာလုပ်သား၂ဦးမှာ ဓါတ်လိုက်ကာသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

 

မတ်လ ၂၄ ရက် ည ၁၁နာရီ ၅၀ခန့်က မြန်မာအလုပ်သမား ၂ဦး မှာ မြေအောက် လှိုင်ဂူ အတွင်း သန့်ရှင်းရေး ပြုလုပ်စဉ်မှာ ဓါတ်လိုက်ခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

"" မြေအောက် ၁၅မီတာ အနက်မှာ ဖြစ်တာ တစ်ယောက်က ဓါတ်လိုက်တာကို နောက်တစ်ယောက် က သွားကူညီရင်းနဲ့ နှစ်ယောက်လုံး သေဆုံးတယ်လို့ကြားတယ်  အခုရက်ပိုင်း မြန်မာအလုပ်သမားတွေ အတွက် စိတ်မကောင်းစရာ သတင်းတွေ ပဲ ခဏခဏ ကြားနေရတယ် ""လို့ ဘန်ကောက်ရှိမြန်မာလုပ်သားတစ်ဦးကပြောပါတယ်။ 

 

သေဆုံးသူ မြန်မာလုပ်သား ၂ဦးမှာ ကိုမင်းလွင်ဝင်း အသင်၃၀နှစ်နဲ့ ကိုလင်းနိုင် အသက် ၃၅ နှစ် တို့ ဖြစ်ကာ လုပ်ငန်းခွင် အတွင်း သေဆုံးခဲ့တဲ့ အတွက် ၎င်းတို့ရဲ့ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ရရှိဖို့ကျန်ရစ်သူမိသားစုတွေက  AACမဟာမိတ်အဖွဲ့ထံ အကူညီတောင်းထားတယ်လို့ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ မတ်လ၁၅ ရက်ကလည်း ဘန်ကောက်ရှိ ဆောက်လုပ်ဆဲ မိုးပျံ အမြန်လမ်း တံတား ပြိုကျမှုကြောင့် မြန်မာလုပ်သား ၃ဦး သေဆုံး ခဲ့ ပြီး ထိခိုက်ဒဏ်ရာ ရသူတွေ လည်းရှိခဲ့ပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026