NEWS

ဘန်ကောက်တွင် မြန်မာလုပ်သားတဦး ဓါတ်လိုက် သေဆုံး

CoverLogo
536 Views
 
ထိုင်းနိုင် ဘန်ကောက်မြို့၊ ဘန်ခိုလမ်းခရိုင်က လုပ်ငန်းခွင်တစ်ခုမှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက် ၃၂ အရွယ် မြန်မာလူမျိုးတဦး ဓါတ်လိုက်သေဆုံးခဲ့တယ်လို့ Thaiger အွန်လိုင်းသတင်း စာမျက်နှာက ဖော်ပြထားပါတယ်။
 
ဇန်နဝါရီ ၂၅ ရက်၊ နေ့လယ် ၁ နာရီလောက် ၊ ဘန်ခလိုးရပ်ကွက်၊ ရာမ ၃ လမ်းမှာ အဲဒီ ဖြစ်စဉ် ဖြစ်ပွား ခဲ့ပြီး မြန်မာလုပ်သားဟာ ငါးထပ်ကုန်သွယ်ရေး အဆောက်အဦး ပြင်ပ သန့်ရှင်းရေးလုပ်နေစဉ် ဓါတ်လိုက် သေဆုံးခဲ့တာလို့ ရေးသားထားပါတယ်။
 
အဆောက်အဦးရဲ့ ပြင်ပ သုံးထပ်မြောက်မှာ ချိတ်ဆွဲထားတဲ့ ပခတ်အတွင်း ဓါတ်လိုက်သေဆုံးခဲ့တာ ဖြစ်ပြီး ရုပ်အလောင်းရဲ့ ညာဘက်ခြေထောက်မှာ မီးလောင်ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
 
သေဆုံးခဲ့သူ မြန်မာအမျိုးသားနဲ့အတူ လုပ်ဖော်ကိုင်ဖက် ၄ ဦးက အဆောက်အဦးနံရံတွေ သန့်ရှင်းရေး လုပ်ကိုင်နေစဉ် အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ တခြားအလုပ်သမားတဦးက ပြောကြားပါတယ်။
 
တခြားအလုပ်သမားတွေ သီးခြားအလုပ်တွေ လုပ်ကိုင်နေစဉ် ပေါက်ကွဲသံနဲ့အတူ သေဆုံးသူ ဓါတ်လိုက် တာကို တွေ့ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါတယ်။ ဒီနောက် ကြိုးတွဲထားတဲ့ ပခတ် လျောကျတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။ ဗို့အားမြင့် ၂၀၀၀၀ ဗို့ လျှပ်စစ်ကြိုးကို ထိမိပြီး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
 
ကူညီရေးအဖွဲ့တွေ ရောက်ရှိပြီး အသက် ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမဲ့ သေဆုံးနေပြီ ဖြစ်တယ်လို့ KhaoSod သတင်းစာမှာ ဖော်ထားတယ်လို့ ရေးသားထားပါတယ်။ ‌စေတနာ့ဝန်ထမ်းတွေက ရုပ်အလောင်း ကို သက်ဆိုင်ရာ ဆေးရုံဆီ သယ်ယူပို့ဆောင်ပေးခဲ့ပြီး သင်္ဂြိုဟ်ဖို့အတွက် သေဆုံးသူရဲ့ ဆွေမျိုးသားတွေ ဆီ ဆက်သွယ်ထားပြီး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026