NEWS

ဘဏ်ကတ်ဖွင့်မရလို့ဆိုကာ အလုပ်ထုတ်ခံရသည့်မြန်မာလုပ်သား ၈ ဦးထိတ်လန့်ကြေးနဲ့နစ်နာကြေးရရှိရေးအတွက်အမှုရင်ဆိုင်နေ

CoverLogo
353 Views
 
ထိုင်းနိုင်ငံ၊ ချွန်ဘူလီမြို့၊ ဘောဝင်းတွင်ရှိသော အပူအအေးခွက်ထုတ်လုပ်သည့်စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၃ လမှ ၅ လကျော်ထိရှိကြပြီဖြစ်တဲ့ အလုပ်သမား ၈ ဦးဟာ ဘဏ်ကတ် ဖွင့်မရတာကြောင့် အလုပ်ထုတ်ခံခဲ့ရပြီး ထိတ်လန့်ကြေးနဲ့ နစ်နာကြေးအတွက် အမှုကိုရင်ဆိုင်နေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့မှသိရပါတယ်။
 
အဆိုပါအလုပ်သမား၈ဦးဟာ ဘတ်ငါးသန်းအေဂျင်စီမှ ၂၀၂၅ မေလ ၇ ရက်နေ့မှာ အလုပ်သွင်းပေးခဲ့တာ ဖြစ်ပြီး လုပ်သက် ၃ လကနေ ၅ လအထိ ရှိပြီဖြစ်ကာ ဘဏ်ကတ် ဖွင့်မရတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာ၂၂ ရက်တွင် အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ လစာကိုလည်းမရှင်းပေးခဲ့ဘူးလို့ သိရပါတယ်။
 
အလုပ်သမားများသည် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံခဲ့၍ စက်တင်ဘာ၂၄ရက်တွင်ရအလုပ်သမားများနှင့်တွေ့ဆုံပြီး နယ်မြေခံဆဝါဒီကန်ရုံးသို့ သွားရောက်တိုင်ကြားပေးခဲ့ရာ လုပ်အားခ၊ထိတ်လန့်ကြေးနှင့်နစ်နာကြေးကိုပြန်လည်ရရှိရန်အတွတ် တောင်းဆိုခဲ့ကြကြောင်းသိရပါတယ်။
 
စက်တင်ဘာ၇ရက်တွင်စက်ရုံမှအလုပ်သမားများ၏ စက်တင်ဘာလ လုပ်ခလစာကိုရှင်းပေးခဲ့သည့်အတွက် နယ်မြေခံ ဆဝါဒီကန်ရုံးတွင် လုပ်အားခမရသည့်ကို အမှုပြန်လည် ပိတ်သိမ်းခဲ့ပြီးထိတ်လန့်ကြေးနှင့်နစ်နာကြေးအတွက် အမှုကို ဆက်လက်ရင်ဆိုင်လျက်ရှိကြောင်းသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026