NEWS

ဗီဇာအခက်ခဲကြောင့်  အဖမ်းအဆီးကြုံရပါက NUG ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ ကို ဆက်သွယ်နိုင်ဟုဆို

CoverLogo
620 Views

တောင်ကိုရီးယား မှာ ရောက်ရှိနေတဲ့ တော်လှန် မြန်မာပြည်သူတွေ အနေနဲ့ နေထိုင်ခွင့်ဗီဇာ အခက်ခဲကြောင့် ကိုရီးယား လဝက ရဲ့ အဖမ်းဆီး ဖြင့် ကြုံရ လို့ အကူညီ လိုအပ်ပါက NUG ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ ကိုဆက်သွယ် အကူညီတောင်းခံနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးက နိုဝင်ဘာ ၁၀ ရက်နေ့မှာ အသိပေးပါတယ်။

ကိုရီးယား မှာ ရောက်ရှိနေပြီး  တော်လှန်ရေးမှာ တတ်ကြွ စွာပါဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို NUG ကိုယ်စားလှယ် ရုံး အနေနဲ့ တတ်စွမ်းသလောက် အကာကွယ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

နေထိုင်ခွင့် ဗီဇာအခက်ခဲကြောင့် ကိုရီးယား လဝက ရဲ့ အဖမ်းအဆီးခံ ရသူတွေ ကို ပြန်လည် လွတ်မြောက် ရေး ကို လည်း ဥပဒေ ဘောင်ထဲကနေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့် မည်သူမဆို လဝကရဲ့ အဖမ်းအဆီးနဲ့ ကြုံရလို့ အကူအညီ လိုအပ်ပါက ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ ဖုန်း 010-9146-7482 သို့ ဆက်သွယ်နိုင်သလို ရုံးဖုန်း 010-8227-4773 ကိုလည်း  ဆက်သွယ် နိုင်တယ်လို့ အသိပေး ထားပါတယ်။

တောင်ကိုရီးယား ရှိ NUG ကိုယ်စားလှယ်ရုံး မှာ  နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံး နေတဲ့ မြန်မာနိုင်ငံသားတွေ ကို မည်သည့်အခွန်နှင့်ငွေကြေး ပေးဆောင်စရာမလိုဘဲ သက်တမ်းအသစ် ၂နှစ် တိုးပေးနေတဲ့ အတွက် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ စိတ်ဝင်မှု များနေသလို စစ်ကောင်စီ ဘက်က လည်းသွားတဲ့ သက်တမ်းတိုးတဲ့ သူတွေ ကို နိုင်ငံကူးလက်မှတ် ဖျက်သိမ်းပြီးအမည်မည်းစာရင်းသွင်းခြင်း ပြုလုပ်မယ်လို့ နိုဝင်ဘာ၉ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026