NEWS

ဗဟိုဘဏ် ကြေညာချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အထိနာနိုင်

CoverLogo
2.9K Views

ဗဟိုဘဏ်က  ပြည်တွင်းမှာ နေထိုင်ပြီး နိုင်ငံခြားငွေ ဝင်ငွေရရှိသူတွေကို မြန်မာနိုင်ငံအတွင်း  ပြည်လည် ပေးပို့ပါက နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ်တွေမှာ စာရင်းဖွင့်လှစ်ပြီး ၁ ရက်အတွင်း ရောင်းချရမယ်လို့ အမိန့်အကြော်ငြာစာအမှတ် ၁၂/  ၂၀၂၂ ကို ဧပြီလ  ၃ ရက်ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာကြောင့် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေအကြား  ဈေးကွက်ရိုက်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၇၇၀ ကျပ် ဝန်းကျင်သတ်မှတ်ထားပြီး ဒီကနေ့ ဧပြီလ ၄ ရက်မှာ တော့ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်အထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။  

အဲဒီလို  ဆောင်ရွက်ခဲ့တာကြောင့်  နိုင်ငံခြားကို တင်ပို့တဲ့ ပို့ကုန် လုပ်ငန်းရှင်တွေရဲ့ ဘဏ်အကောင့်ထဲက နိုင်ငံခြားငွေကို မူလတွက်ချက်ထားတဲ့ တစ်ဒေါ်လာကို  (၂၀၅၀) ကျပ်နှုန်းကနေ (၁၈၅၀ကျပ်) လျော့ချ ရောင်းချရမှာ ဖြစ်တာကြောင့် (၁၀.၈) ရာခိုင်နှုန်းဆုံးရှုံးမယ်လို့ စီးပွားလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထား ပါတယ်။

သွင်းကုန် ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ နဲ့ လူသုံးကုန်ပစ္စည်းတွေကတော့ နိင်ငံခြားငွေ အလုံအလောက်သာ ရောင်းချပေးနိုင်ပါက ကုန်ဈေးနှုန်းတွေ ကျလာနိုင်သလို ရွှေဈေးနှုန်းတွေလည်း ကျလာနိုင်တယ်လို့ ဒေါက်တာစိုးထွန်းက သုံးသပ်ထားပါတယ်။

ဒီလို သုံးသပ်တာနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်ကတော့ အခုလို ပြောပါတယ်။
“ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းအများစုက ဒေါ်လာဈေး အတက်အကျပေါ်ကို အတော်မီပါတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းအတက်အကျက တခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အခု ဖြစ်နေတဲ့ မြဝတီလမ်းကြောင်း အခြေအနေကိုပဲကြည့်ပါ။ တိုက်ပွဲတွေကြောင့် ဒီလမ်းကြောင်းကို သုံးပြီး ကုန်ပစ္စည်း တင်သွင်း ဖို့ အတော်ကိုစဉ်းစားရတော့မယ်။ တင်ပို့တဲ့သူလည်း ဒီလိုပဲ စဉ်းစားမှာပဲ။ ပြီးတော့ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းဈေးကျဖို့ဆိုတာ တည်ငြိမ်ပြီး နိုင်ငံတကာယုံကြည်တဲ့ အစိုးရအဖွဲ့မျိုးရှိမှ ဆိုတာ သက်သေလည်း ပြထားပြီးပြီ” လို့  မော်လမြိုင်မြို့ အခြေစိုက်  လူသုံးကုန်ပစ္စည်း တင်သွင်းသူတစ်ဦးက ပြောပါတယ်။

ကုန်ပစ္စည်းအချို့ ဈေးနှုန်းတွေကျလာနိုင်ပေမယ့် ပို့ကုန်အတွက် ဝယ်ယူတဲ့  ဆန်၊ ဆန်ကွဲ ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ ရေထွက်ကုန်နဲ့ အခြား ပို့ကုန်တွေကတော့ ဈေးတိုးရရှိမှာ မဟုတ်ဘဲ ဒေါ်လာဈေး လျော့ချ တာကြောင့် ကုန်ကြမ်းဝယ်ယူရာမှာ ထွက်ချေကိုက်အောင် ဝယ်ယူကြမှာ ဖြစ်တယ်လို့ ဒေါက်တာ စိုးထွန်းက ရေးသားထားပါတယ်။

Photo credit- Cogo Port

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026