NEWS

ဖူးခက် ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မှ မြန်မာလုပ်သား၂၀၀ ခန့်ကို သူဌေးက လုပ်ခမပေးဘဲတိမ်းရှောင်မှုဖြစ်ပွား

CoverLogo
279 Views
 
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု မှ မြန်မာလုပ်သား ၂၀၀ ခန့်ကို လုပ်ငန်းပိုင်ရှင်မှ လုပ်အားခမရှင်းပေးဘဲ တိန်းရှောင်မှုဖြစ်ခဲ့တယ်လို့ MHAC မဟာမိတ်အဖွဲ့ထံမှသိရပါတယ်။
 
၎င်းဆောက်လုပ်ရေးပိုင်ရှင်ဟာ လုပ်ခမရှင်းပေးတဲ့ အပြင် မြန်မာအလုပ်သမားတွေ ကို တိုင်ချင်တဲ့နေရာတိုင်ဟုဆိုကာ လစာ ထုတ်ပေးမယ့် ရက်ကို အမျိုးမျိုးပြောကာ တိမ်းရှောင်ခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အခုလို လုပ်အားခ မရှင်းပေးဘဲ တိမ်းရှောင် နေတဲ့ အတွက် မြန်မာလုပ်သားတွေက MHAC မဟာမိတ်အဖွဲ့ထံ လာရောက်ကူညီပေး ဖို့ အကူအညီတောင်းခံ ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် NUG အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဉီးနိုင်ထွန်းဦးနဲ့ MHAC မဟာမိတ်အဖွဲ့တို့ပူးပေါင်းပြီး MHAC ရုံးအခြေစိုက်ရာ မဟာချိုင်မှ ထိုင်းတောင်ပိုင်း ဖူးခက်မြို့အထိ မြန်မာလုပ်သားများအား ကူညီပေးနိုင်ရန်
နယ်မြေဆင်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
 
ဖူးခက်မြို့ ရောက်ရှိချိန်မှာ အလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေး စစ်ဆေးမေးမြန်းပြီးနောက် သက်ဆိုင်ရာနယ်မြေခံ အလုပ်သမားကာကွယ်​စောင့်ရှောက်ရေးဌာန(ဆဝါဒီကန်)ရုံး တာဝန်ရှိသူတွေ ကို အသိသက်သေထားကာ လုပ်ငန်းရှင်သူဌေးကိုခေါ်ယူစေပြီး အလုပ်သမားများနှင့် လုပ်ငန်းရှင်ကြားတွင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို​့သိရပါတယ်။
 
ညှိနှိုင်းမှုကြောင့် အလုပ်ရှင်ဘက်မှ လည်း အလုပ်သမာ များ ကို ပေးရမယ့် လုပ်အားခ များ ပြန်လည် စစ်ဆေးကာ ပေးဆောင်ပါ့မယ်လို့ ကတိကဝတ်ပြုခဲ့ပြီး လုပ်အားခပေးမယ့် ရက်ကို ဖူးခက်ဆဝါဒီကန်ရုံးမှ တစ်ဆင့် အကြောင်းကြာကာပေးအပ်မယ်လို့ သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ပိုမိုများပြားလာသလို လုပ်အားခမရခြင်း ကြိုတင်အကြောင်းမကြားဘဲအလုပ်ထုတ်ခံရခြင်းနဲ့ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရမှုတွေလည်း များလာပါတယ်။
 
အခုလို အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပါက ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံး ကို အကူညီတောင်းခံသူအလွန်နည်းပါးပြီး NUGအလုပ်သမားဝန်ကြီးဌာန၊ MHACမဟာမိတ်အဖွဲ့ နဲ့ထိုင်းရှိမြန်မာအလုပ်သမားအဖွဲ့အစည်းတွေထံသာ အကူညီတောင်းခံမှုများကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026