NEWS

ဖူးခက်တွင် အမှိုက်ကားပေါ်မှ ပြုတ်ကျသဖြင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံး

CoverLogo
273 Views
 
ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ကထူးမြို့နယ် မှာ အမှိုက်အိပ်တွေ သယ်ဆောင်လာတဲ့ ကားပေါ်မှ မြန်မာအလုပ်သမားတစ်ဦး ပြုတ်ကျကာ သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
အောက်တ်ိုဘာ၂၈ရက်က နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာလုပ်သားအပါအဝင် ၃ဦးမှာ အမှိုက်အိပ်များကို ပြန်လည်အသုံးပြုနိုင်မယ့်(recycling)ဆိုင်ကို သယ်ယူရောင်းချဖို့ လာတာဖြစ်ကြောင်း သိရပါတယ်။
 
ယာဉ်မောင်းသူရဲ့ ပြောကြားချက်အရ ကားအနောက်ဘက်မှာရှိတဲ့ အမှိုက်အိပ်တွေ အပေါ်မှာ အသက်၂၈နှစ်အရွယ် မြန်မာအလုပ်သမား ကိုဝေလင်းကျော်နဲ့ နောက်ထပ်အလုပ်သမား တစ်ဦးတို့ ထိုင်လျက်လိုက်ပါလာခဲ့ရာ အမှိုက်အိပ်တစ်ခု မှာ ရွေ့လျားသွားချိန်တွင် ကိုဝေလင်းကျော်မှာ ဟန်ချက်ပျက်သွားပြီး ၄ မီတာခန့်ရှိ အမြင့်ပေါ်မှ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
ကားပေါ်မှ ပြုတ်ကျတဲ့ အရှိန်ကြောင့် ဦးခေါင်းတွင် ပြင်းထန်တဲ့ ဒဏ်ရာများ ရရှိကာ သတိလစ်သွားကြောင်း ကိုဝေလင်းကျော်ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က CPR ပြုလုပ်ပေးပြီး စီရီရတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက်သေဆုံးသွားခဲ့တယ်လို့သတင်းမှာဖေါ်ပြထားပါတယ်။
 
ထိုင်းရဲအရာရှိတွေကအလုပ်သမားတွေ အနေနဲ့ အမိုးဖွင့်ကားတွေအပေါ် ခရီးသွားလာပါက ဂရုစိုက်ရန် ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးအန္တရာယ်ကို သတိပြု၍ ယာဉ်မောင်းနေစဉ် မလုံခြုံတဲ့ ကုန်ပစ္စည်းတွေ အပေါ် ထိုင်ခြင်းကို ရှောင်ကြဉ်ကျဖို့ သတိပေး နှိုးဆော်ထားပါတယ်။
 
ယခု အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ အမှုနှင့် ပတ်သက်တာတွေ ဆက်လက်မေးမြန်းသွားမှာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Ref: Phuket News

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026