NEWS

ပွဲစား စွန့်ပစ်သွားတဲ့တရားမဝင် မြန်မာအလုပ်သမား ၈၀ ကျော် အဖမ်းခံရ

CoverLogo
404 Views
 
ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာ ကာ ရာဘာခြံ အတွင်း ပွဲစား က စွန့်ပစ် ခံရတဲ့ မြန်မာအလုပ်သမား ၈၀ကျော် ကို ဖမ်းဆီးခဲ့ တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
ဖေဖေါ်ဝါရီ ၁၁ရက် နေ့ နေ့လည်တစ်နာရီ ခန့် မှာ Thong pha phum ခရိုင် အတွင်းရှိ ရာဘာခြံ အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်တူတဲ့ လူတစ်စု ကို တွေ့ရှိကြောင်း ထိုင်းနိုင်ငံသားတစ်ဦးရဲ့ သတင်းပေးချက်အရ ထိုင်းအာဏာပိုင်တွေ က သွားရောက် စစ်ဆေးတာမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမားတွေ မှာ ထိတ်လန့်တကြား ဖြင့် တောထဲ သို့ ထွက်ပြေးခဲ့ပြီး နောက် ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းမိတဲ့ စာရင်း များအရ မြန်မာအလုပ်သမား အမျိုးသား ၃၃ဦးနဲ့ အမျိုးသမီး ၂၇ ဦး အပြင် ကလေးငယ်တစ်ဦးပါ ပါဝင်ကာ စစ်ဆေးမှုအရ စမွတ်ပရာကန်ခရိုင် ကို အလုပ်သွားလုပ်ရန် ရည်ရွယ်ထားကာ ခေါ်ဆောင်လာတဲ့ ပွဲစားဆိုသူ က ပစ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖေဖေါ်ဝါရီ ၁၂ရက် ညနေ လေးနာရီ ခန့်မှာ သတင်းပေးပို့ချက်အရ Thong Phum ခရိုင် ဗာဂျီယာလောင်ကွန်းရေလှောင်တမံ ဘေးရှိ ကမ်းနားတွင် စွန့်ပစ်ထားတဲ့ နေအိမ်တစ်လုံး အတွင်း တရားမဝင် မြန်မာအလုပ်သမား ၂၃ဦး ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား၁၈ဦး၊ အမျိုးသမီး ၄ဦးနဲ့ ကလေးငယ် တစ်ဦး ပါဝင်တဲ့ မြန်မာအလုပ်သမား တွေကို ပွဲစားက ပစ်ထားခဲ့ ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းမှုအရ ၎င်း မြန်မာအလုပ်သမား အဖွဲ့ဟာ မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ ကို ပြန်ရန် အတွက် ထိုင်းနိုင်ငံ အတွင်း ကိုရောက်ရှိနေတာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
လက်ရှိမှာတော့ အမှုနှစ်ခုစလုံးမှ ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေ ကို အောင်ဖုံရဲစခန်း သို့ပို့ဆောင် ထားကာ တရားဥပဒေ အတိုင်း ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026