NEWS

ပွဲစားစွန့်ပစ်ခဲ့တဲ့ မြန်မာ ၁၀၀ ကျော်အဖမ်းခံရ

CoverLogo
408 Views

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် Sangkla Buri ရှိ ကျွန်းတစ်ကျွန်းပေါ်မှာ ပွဲစား က စွန့်ပစ်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၀၀ကျော်  ကို ထိုင်းရဲ တွေက ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြချက်အရသိရပါတယ်။ 

ဖေဖေါ်ဝါရီ ၁၈ ရက် ညနေ ၅နာရီခွဲ ခန့်မှာ  ကျွန်းတကျွန်းပေါ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား တွေ ကို တွေ့ရှိကြောင်း ဒေသခံ တွေရဲ့ သတင်းပေးချက်အရ ထိုင်းအာဏာပိုင်တွေက သွားရောက်စစ်ဆေး ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 

ကျွန်းပေါ်ကို ရောက်ရှိချိန် တွင်  မြန်မာနိုင်ငံသား အမျိုးသား၇၂ဦး၊ အမျိုးသမီး၄၄ ဦးနဲ့ကလေးငယ် ၂ဦးကို တွေ့ရှိခဲ့ ပြီး ၎င်းတို့မှာ ကျွန်းပေါ်ကို တပြိုင်ထဲ ရောက်ရှိသူတွေ မဟုတ်ဘဲ အချို့ မှာ ကျွန်းပေါ်ကို ရောက်ရှိ ချိန်မှာ ၃ရက် ခန့် ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာ လူငယ်တွေကို စစ်ဆေးမေးမြန်း ချက်အရ မြန်မာစစ်တပ်ရဲ့  စစ်မှုထမ်း ခိုင်း ခြင်း ခံရမှာ ကို စိုးရိမ် တာကြောင့် အခုလို တရားမဝင် ဝင်ရောက်လာတာလို့ ထွက်ဆိုတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 

ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေ ထဲ မှာ   အသက် ၁၉နှစ်မှ ၃၅နှစ် အတွင်းရှိ လူငယ်တွေ အများစုဖြစ်တယ်လို့ သိရပြီး  ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်ဖို့တစ်ဦးလျှင်  ပွဲစား ကို ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ ဝန်းကျင်ပေးခဲ့ရကာ ဘန်ကောက် အပါအဝင်  အနီးနားပြည်နယ် တွေကို ပို့ဆောင်ပေးမယ်ဆိုကာ အချို့ကို မလေးရှာဒနယ်စပ်အထိ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ 

၎င်းတို့ကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံ အတွင်း သို့ ဝင်ရောက်မှု ဖြင့် Sangkhlaburi ရဲစခန်းတွင် ဖမ်းဆီးထားကာ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယိလို့သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026