NEWS

ပွဲစားခ ဘတ်၂သောင်း ပေးပြီး အလုံပိတ်ကားဖြင့် ခိုးဝင်လာရသည့် မြန်မာလုပ်သား၂၅ဦး အဖမ်းခံရ

CoverLogo
303 Views
 
ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်အတွင်း ပွဲစား ခ အဖြစ် တစ်ဦး ဘတ်၂သောင်းစီးပေးခဲ့ရပြီး အလုံပိတ်ကား စီးနင်းလာရတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၅ဦး ကို ထိုင်း အဝေးပြေးရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးနိုင်ခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
 
အဝေးပြေးရဲတပ်ဖွဲ့ရဲ့ ဒီကနေ့မနက် သတင်းထုတ်ပြန်ချက်အရ နခွန်စဝမ်မြို့နယ် အဝေးပြေးလမ်းမပေါ်မှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဟာ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ကားနောက်ပိုင်း ဟာ နိမ့်ဆင်းနေတဲ့ အလုံပိတ်ပစ်ကပ် ကားတစ်စီးကို သံသယဖြစ်တာကြောင့် ရပ်တန့်စစ်ဆေးဖို့ အချက်ပြခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါပေမဲ့ ယာဉ်မောင်းဟာ ကားကို အရှိန်မြှင့်ပြီး မောင်းပြေးခဲ့သလို၊ လမ်းဘေးရောက်တဲ့အခါ ကားကိုပစ်ထားခဲ့ပြီး မှောက်မိုင်နေတဲ့ ချုံပုတ် နဲ့ လယ်ကွင်း ထဲသို့ ထွက်ပြေးသွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ရာ ကို ရှာဖွေခဲ့ရာ အနီးနားရှိ သွပ်မိုးတဲ အဟောင်း တစ်ခုထဲမှာ ပုန်းနေတဲ့ ယာဉ်မောင်းကို ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ထို့နောက် ကားနောက်ခန်း ကို စစ်ဆေးရာမှာ လေဝင်လေထွက်အလွန်နည်းပြီး ကျဉ်းကျပ်တဲ့ အခန်းထဲမှာ ပြည့်သိပ်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၅ဦး ကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ယာဉ်မောင်းဖြစ်သူကလည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ ခဲ့ပြီး မြန်မာလုပ်သားတွေကို တာ့ခ်ခရိုင်ကနေ ပထုံဌာနီ အထိ ပို့ဆောင်ပေးဖို့ ဘတ် ၅,၀၀၀ နဲ့ ငှားရမ်းခံခဲ့ရပြီး မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံထဲ ဝင်ဖို့အတွက် တစ်ဦးကို ပွဲစားခ ဘတ် ၂သောင်း စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
 
လတ်တလောမှာတော့ ယာဉ်မောင်းနဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၅ ဦးလုံးကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
Photo-Hight Way police

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026