NEWS

ပွဲစားက အလုပ်သွင်းပေးမည်ဟုဆိုကာ ငွေလိမ်လည်ခံရသည့် မြန်မာလုပ်သား ၆၃ ဦး ဘတ် ၄ သိန်းပြန်ရ

CoverLogo
266 Views
 
အီလက်ထရောနစ် စက်ရုံ မှာ အလုပ်သွင်းပေးမယ်ဆ်ိုပြီး ပွဲစားမှ စမတ်ကြေး တွေ ယူကာ လိမ် ပြေး ခံရတဲ့ မြန်မာလုပ်သား ၆၃ဦး အား ဘတ်၄သိန်း ကို ပွဲစားက ပြန်ပေးတယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
၎င်းအလုပ်သမား ၆၃ဦး ထံမှ စမတ်ကြေး ဘတ် ၅ သိန်းကျော် (၅၃၅,၅၀၀)ကို မြန်မာပွဲစား တစ်ဦး က လိမ်လည် ပြေးသွားတဲ့ အတွက် WAGအဖွဲ့နဲ့အတူ အလုပ်သမားတွေက မြို့နယ် ကျဟာငန် အလုပ် သမားရုံးတွင်သွားရောက်တိုင်ကြားခဲ့သလို WAGအဖွဲ့အနေနဲ့ မြန်မာနိုင်ငံဘက်မှလူများနဲ့ ချိတ်ဆက်လုပ်ဆောင်ပေးခဲ့ရာ ဖေဖော်ဝါရီလ ၁၆ ရက် တွင် ပွဲစားမှ ၄၂ ဦးစာ ဘတ် ၄ သိန်း (၄၀၀,၀၀၀)ကို ပြန်လွှဲပေးခဲ့တယ်လို့ WAG အဖွဲ့ကထုတ်ပြန်ထားပါတယ်။
 
"လိမ်ပြေးတဲ့ ပွဲစားက မြန်မာဘက်ကနေ ဘတ်၄သိန်း ပြန်လွှဲပေးတယ် အခုက ၄၂ယောက်စာ အတွက်က မြို့နယ် ကျဟာငန်ရုံးမှာ ထုတ်ပေးပြီးပြီ ကျန်တဲ့ အယောက်၂၀ကျော် အတွက် က လာမယ့် ၂လပိုင်း၂၀ရက်မှာ ထပ်မံပေးမှာဖြစ်လို့ စမတ်ကြေး ပြန်ရမယ့် သူတွေ အဲ့နေလာယူပါ"လို့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ မှတာဝန်ရှိသူကပြောပါတယ်။
 
စမတ်ကြေး အလိမ်ခံရတဲ့ မြန်မာလုပ်သား ၆၃ဦးဟာ ချွန်ဘူလီ၊ဘောဝင်း (C)တိုက်တွင်နေထိုင်တဲ့ ပွဲစားအမည် Pyae Phyo Paing (Facebook) အခြားအမည် Min Min Paingနှင့် ဇနီးဖြစ်သူ Phoo Zin တို့က အီလက်ထရောနစ် စက်ရုံ မှာ အလုပ်သွင်းပေးမယ် ဟုဆိုပြီး အလုပ်သမား ၁ ဦးလျှင် စမတ်ကြေး (အလုပ်လျှောက်ပေးခ) ၈၅၀၀ ဘတ်နှုန်းဖြင့်ကောက်ခံခဲ့ပြီးနောက် အလုပ်ရရှိခြင်းမရှိတဲ့ အတွက် ဖေဖော်ဝါရီလ ၁၁ ရက် မှာ ၎င်းပွဲစားအခန်းသို့ လိုက်သွားခဲ့ရာ အခန်းတွင်မတွေ့ရတော့ဘဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
 
ဒါကြောင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာ အလုပ်သမားများက စမတ်ကြေးများပြန်လည်ရရှိရန်နှင့် ပွဲစားအားအရေးယူနိုင်ရန်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံခဲ့ပြီး နောက် အခုလို လိမ်ခံရတဲ့ ငွေအချို့ ပြန်ရခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026