NEWS

ပွဲစားက လုပ်ခတွေယူသွားတဲ့ အပြင် အလုပ်ကပါအထုတ်ခံရလို့ မြန်မာအလုပ်သမား ၁၀ ဦး ဒုက္ခရောက်

CoverLogo
386 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမူပကန် ကျက်လစင် က MINISO (တံဆိပ်ကပ်စက်ရုံ)မှာ အလုပ်လုပ် နေတဲ့ မြန်မာအလုပ်သမား ၁၀ဦး ရဲ့ လုပ်ခလစာ ကို ပွဲစားက ယူသွားတဲ့အပြင် အလုပ်ကပါထုတ်ခံရတဲ့ အတွက် အခက်ခဲဒုက္ခရောက်ရှိနေတယ်လ်ို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့
 
WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။ ၎င်း မြန်မာအလုပ်သမား ၁၀ဦး ကို ပွဲစား (ကိုအာကာ)ဆိုသူ က ယင်းစက်ရုံ ကို အလုပ်စမတ်(အလုပ်သွင်းပေး)ခဲ့ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၆ ရက် တွင် အလုပ်စ ဆင်းခဲ့တယ်လို့ဆိုပါတယ်။
 
စက်ရုံ သူဌေး မှအလုပ်စဝင်တဲ့ နေ့မှ လစဉ် လုပ်အားခ ကို ထုတ်ပေး ပေမယ့် ပွဲစား ဖြစ်သူက အလုပ်သမားတွေရဲ့ လစာ ကို ၂၀၂၅ခုနှစ် ဇန်နဝါရီ ၆ရက်မှ ၁၄ရက်အထိ လုပ်အားခ ကို မရှင်းပေးဘူးလို့ အလုပ်သမားတွေ ထံ မှ သိရပါတယ်။
 
ဒါ့အပြင် စက်ရုံဘက်မှ လည်း အလုပ်သမားတွေ ကို အလုပ်ထုတ်လိုက်တဲ့ အတွက် အလုပ်သမားတွေမှာ စားဝတ်နေရေး အခက်ခဲနဲ့ အလုပ်သစ်ပြောင်းရန် စမတ်ကြေး မရရှိတဲ့ အတွက် အခက်ခဲဒုက္ခ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
အခုလို အခက်ခဲ ဖြစ်ပေါ်နေတဲ့ အတွက် ကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေ က WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံလာတာကြောင့် ဖေဖေါ်ဝါရီ ၁၄ရက် မှာ နယ်မြေခံရှိ မြို့နယ် ဆဝါဒီကန် ရုံးသို့ အလုပ်သမားများနဲ့ အတူ ရသင့်ရထိုက် တဲ့ နစ်နာကြေးများရရှိရန်အတွက်သွားရောက် အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံ မှသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026