NEWS

ပြည်ပ သွားရောက်အလုပ်လုပ်မယ့်အလုပ်သမားတွေ PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ် လျှောက်ထားဖို့ အလုပ်သမားဝန်ကြီးဌာနအသိပေး

CoverLogo
817 Views
 
ပြည်ပ ကို သွားရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေ အနေနဲ့ PJ နိုင်ငံကူးလက်မှတ်လျှောက်ထား ရမှာ ဖြစ်သလို ပြည်ပအလုပ် သမားအဖြစ်မှတ်ပုံတင်ကာ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC)ကိုပါလျှောက်ထားဖို့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်၁၄ ရက်မှာ အသိပေးလိုက်ပါတယ်။
 
ပြည်ပ ကို သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်မယ့် သူတွေ ဟာ အလုပ်အကိုင်အတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် (Passport for Job - PJ) အမျိုးအစား ကို လျှောက်ထားရန်လိုအပ်မှာ ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ မဖြစ်မနေ မှတ်ပုံတင်ပြီးမှ ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ ပြည်ပနိုင်ငံတွေကို ကို အလည်ဗီဇာ နဲ့ သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးတဲ့ (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်သူတွေဟာ အလည်အတွက် မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့သွားရောက်လုပ်ကိုင်လျက်ရှိကြတဲ့ အတွက် ပြည်ပ မှာ အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့ရလျက်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနအသိပေးချက်မှာဖေါ်ပြထားပါတယ်။
 
နိုင်ငံကူးလက်မှတ် (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်ပြီး အလုပ် အကိုင်ဗီဇာများ လျှောက်ထားရယူကာ ပြည်ပသို့ထွက်ခွာရာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေ ဖို့ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာတွင် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူကာ အလုပ်သမားဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူပြီး တရားဝင် သွားရောက်လုပ်ကိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
 
စစ်ကောင်စီက ၂၀၂၄၊ မေလ ၁ ရက်ကစပြီး အသက် ၂၃ နှစ်ကနေ ၃၁ နှစ်အကြား အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။
 
ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) ကို သက်တမ်း ၅ နှစ်မပြည့်ပါက လည်း အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit) ပြောင်းလဲလျှောက်ထားတာတွေကို ဇွန်လ ၆ ရက်နေ့ကစပြီး စစ်ကောင်စီကပိတ်ပင်ထားပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025