NEWS

ပြည်ပ သွားရောက်အလုပ်လုပ်မယ့်အလုပ်သမားတွေ PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ် လျှောက်ထားဖို့ အလုပ်သမားဝန်ကြီးဌာနအသိပေး

CoverLogo
1.2K Views
 
ပြည်ပ ကို သွားရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေ အနေနဲ့ PJ နိုင်ငံကူးလက်မှတ်လျှောက်ထား ရမှာ ဖြစ်သလို ပြည်ပအလုပ် သမားအဖြစ်မှတ်ပုံတင်ကာ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC)ကိုပါလျှောက်ထားဖို့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်၁၄ ရက်မှာ အသိပေးလိုက်ပါတယ်။
 
ပြည်ပ ကို သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်မယ့် သူတွေ ဟာ အလုပ်အကိုင်အတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် (Passport for Job - PJ) အမျိုးအစား ကို လျှောက်ထားရန်လိုအပ်မှာ ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ မဖြစ်မနေ မှတ်ပုံတင်ပြီးမှ ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ ပြည်ပနိုင်ငံတွေကို ကို အလည်ဗီဇာ နဲ့ သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးတဲ့ (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်သူတွေဟာ အလည်အတွက် မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့သွားရောက်လုပ်ကိုင်လျက်ရှိကြတဲ့ အတွက် ပြည်ပ မှာ အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့ရလျက်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနအသိပေးချက်မှာဖေါ်ပြထားပါတယ်။
 
နိုင်ငံကူးလက်မှတ် (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်ပြီး အလုပ် အကိုင်ဗီဇာများ လျှောက်ထားရယူကာ ပြည်ပသို့ထွက်ခွာရာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေ ဖို့ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာတွင် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူကာ အလုပ်သမားဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူပြီး တရားဝင် သွားရောက်လုပ်ကိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
 
စစ်ကောင်စီက ၂၀၂၄၊ မေလ ၁ ရက်ကစပြီး အသက် ၂၃ နှစ်ကနေ ၃၁ နှစ်အကြား အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။
 
ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) ကို သက်တမ်း ၅ နှစ်မပြည့်ပါက လည်း အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit) ပြောင်းလဲလျှောက်ထားတာတွေကို ဇွန်လ ၆ ရက်နေ့ကစပြီး စစ်ကောင်စီကပိတ်ပင်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026