NEWS

ပြည်ပ မှ ခွင့်ပြန်အလုပ်သမားများ မိသားစုထံ တရားဝင်ငွေလွှဲပေးပို့ထားတဲ့အထောက်ထားပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဟုဆို

CoverLogo
1.3K Views

ပြည်ပကနေ ခွင့်နဲ့ ပြန်လာတဲ့ အလုပ်သမားတွေ  အနေနဲ့ ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား(OWIC ) ပြုလုပ်လိုပါက ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ပေးဆောင်ထားသည့်အထောက်အထား၊ မိမိလစာရဲ့ ၂၅ ရာခိုင်နှုန်း ကို မိသားစု ထံ တရားဝင် ငွေလွှဲထားတဲ့ အထောက် အထား ပါရှိ မှသာ OWIC ကတ် ထုတ်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

ပြည်ပ မှ အကြောင်း အမျိုးမျိုး နဲ့ ခွင့်ပြန်လာသူ အချို့တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိပေမယ့် ဝင်ငွေခွန် မဆောင်ခဲ့ရသေးခြင်း၊ မိသားစုထံ သို့မဟုတ် မိမိ၏ ကိုယ်ပိုင်ဘဏ်အကောင့် ထဲသို့  တရားဝင်ငွေလွှဲ ပို့ မှု  မရှိ ခြင်း စတဲ့ အခက်ခဲ တွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် OWIC ကတ် လျှောက်ထားရာမှာ အခက်ခဲ ဖြစ်ပေါ်နေတဲ့ အတွက် ဝင်ငွေမဆောင်ရသေးသူတွေ အနေနဲ့  အင်းစိန်၊ ကမာရွတ်၊ မြောက်ဒဂုံ စတဲ့ နည်းစပ်ရာ အခွန်ရုံးတွေကို သွားရောက်ပြီး အခွန်ဆောင်နိုင်တယ်လို့အသိပေးချက်မှာ ဖေါ်ပြထားပါတယ်။

မိသားစုလွှဲပို့ငွေကိုတော့ ပြည်ပကနေ တရားဝင်လွှဲခဲ့တာမရှိရင် လက်ရှိမိမိ၏ဘဏ်စာရင်းသိုလည်းကောင်း၊ International money transfer များဖြစ်တဲ့ Western Union ၊ IME ၊ RIA ၊ Money Gram စတဲ့ တရားဝင်ငွေလွှဲလုပ်ငန်းတွေကနေ မိမိအမည်ထံသို ပြည်ပတွင်ရှိတဲ့ အလုပ်ရှင် သို့မဟုတ် မိတ်ဆွေတစ်ဦးဦးမှ တရားဝင်ငွေလွှဲထားတဲ့  အထောက်အထားပြ နိုင်ပါက OWIC ကတ်ပြုလုပ်လို့ရတယ်လို့ ဆိုပါတယ်။

"ငွေလွှဲပို့ရာ မှာ  ဥပမာအားဖြင့် ထိုင်းပြန်ဆိုရင် လစာ ၈ သိန်းရတယ်ဆိုရင် ၂၅ ရာခိုင်နှုန်း က ၂သိန်းပါ ၈သိန်းလွှဲထားရင် ၄ လစာ အကျုံးဝင်ပါတယ်။ အကောင်အထည်ဖော်တဲ့ကာလက ၂၀၂၃ ခုနှစ် စက်တင်ဘာလက စတာဖြစ်လို မိမိကိုယ်ကိုယ်ချိန်ဆလွှဲနိုင်ပါတယ်"လို့  တာဝန်ရှိသူတစ်ဦးက  ပြောထားပါတယ်။

ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား(OWIC ) မှာ ပြည်ပကိုတရားဝင်သွားရောက် လုပ်ကိုင်သူ အားလုံး လျှောက်ထားရတဲ့ ကတ်ဖြစ်ကာ သက်တမ်းမှာ ငါးနှစ်ရှိကြောင်း  နိုင်ငံကူးလက်မှတ် PJအမျိုးအစားကိုင်ထားသူများအနေဖြင့် ပြည်ပသို အလုပ်သွားရောက်လုပ်သည့်အခါ အဆိုပါ OWICကတ် မပြနိုင်ပါက ထွက်ခွာခွင့် မပြုကြောင်း သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026