NEWS

ပြည်ပအလုပ်အကိုင် အသက်ကန့်သတ်ထားတဲ့အပေါ်ဖြေလျှော့ရန်မရှိ ဟု စစ်ကောင်စီတုံ့ပြန်

CoverLogo
711 Views

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုတွေနဲ့  စစ်မူမထမ်းမနေရအမိန့်ထုတ်ပြန်မှု ကြောင့် လူငယ်တွေ ပြည်ပနိုင်ငံများကို သွားရောက်လုပ်ကိုင်မှုတွေမြင့်တက်လာခဲ့ရာ စစ်ကောင်စီက အမျိုးသားလုပ်သားတွေကို အသက်အရွယ်အပိုင်းခြားဖြင့်သာ သွားရောက်ဖို့ကန့်သတ်လိုက်တဲ့အပေါ် ဖြေလျှော့ပေးဖို့တင်ပြပေမဲ့ ဖြေလျှော့ဖို့မရှိဘူးလို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

"ဟုတ်ပါတယ်။ တစ်ကယ်ထွက်ချင်နေတဲ့လူငယ်အပိုင်းအခြားတွေက ကန့်သတ်ထားတဲ့အရွယ်ထဲပါနေတယ်။ နောက်ပြီးဒီအမိန့်စာမထွက်ခင်ကတည်းက ကလေးတွေကကြိုတင်ပြင်ဆင်ထားကြတာတွေလည်းအများ ကြီးရှိတယ်ဆိုတော့  ဒါကိုဖြေလျှော့ပေးဖို့တင်ပြကြည့်တာပေ့ါ။  ခုလတ်တလောတော့ဖြေလျှော့ပေးဖို့ အစီစဉ်မရှိဘူးလို့ပဲ တုံ့ပြန်ထားတယ်လို့သိရတယ်"လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
 
ပြီးခဲ့တဲ့မေလကပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့အလုပ်သမားတွေအနေနဲ့  အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပနိုင်ငံများသို့ထွက်ခွာလုပ်ကိုင်ခွင့်တွေပိတ်ပင်လိုက်တာဖြစ်ပြီး ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီတွေအနေနဲ့လည်း စေလွှတ်ခြင်းမပြုဖို့ပြောဆိုထားရာ လက်ရှိမှာ ပြည်ပနိုင်ငံများသို့ MoUဖြင့်သွားရောက်လုပ်ကိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့အလုပ်သမားများစွာရှိနေတာကြောင့်   အဆိုပါအသက်ကန့်သတ်ချက်ဖြင့် ပြည်ပထွက်ခွာခွင့်အပေါ် ဖြေလျှော့ပေးရန် ပြည်ပအလုပ်အကိုင်အေဂျင်စီများဘက်မှတင်ပြခဲ့သော်လည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်မှ  ဖြေလျှော့ရန် အစီအစဉ်မရှိဘူးလို့သာတုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီနဲ့မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)    တို့တွေ့ဆုံခဲ့ရာ နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို မဖြစ်မနေ  တားဆီးမှာဖြစ်သလို  ပြည်ပနိုင်ငံများသို့အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေအနေနဲ့လည်း  အလုပ်သမားတွေရဲ့ လစဉ်၂၅ရာခိုင်နှုန်းမိသားစုထံပြန်လွှဲမှုရှိမရှိကိုလည်း ကြပ်မတ်စစ်ဆေးမယ်လို့ပါထပ်မံစည်းကမ်းတင်းကြပ်မှုတွေပြုလုပ်ထားတယ်လို့ ဆိုထားပါတယ်။  

ထပ်မံပြီး အလုပ်သမားများကို ပြည်ပမထွက်ခွာမီ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ စစ်ကောင်စီ၏ ဘဏ်များမှတစ်ဆင့်ပေးဖို့နဲ့ နှစ်ရာခိုင်နှုန်းအခွန်ပေးဆောင်ရမဲ့အကြောင်းကို   စာချုပ်ထဲမှာမဖြစ်မနေထည့်သွင်းကာ စာချုပ်မှာလက်မှတ်ရေးထိုးဖို့  အေဂျင်စီများကို စစ်ကောင်စီကဖိအားပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
  
စစ်ကောင်စီက ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ဖို့  ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မှုကိုလည်း  အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကို နိုင်ငံကူးလက်မှတ်(PJ)ဖြင့်ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်တာကြောင့်  အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (PJ) အစား အလည်အပတ်(PV)ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်မှုတွေရှိလာရာ (PJ)မှ  (PV)သို့ပြောင်းလဲမှုတွေကိုပါ ခွင့်မပြုတော့ဘူးလို့ ဇွန်လကထပ်မံပိတ်ပင်လိုက်ပါတယ်။ 

အဲ့ဒီလိုစည်းကမ်းတင်းကြပ်မှုတွေနဲ့ ကန့်သတ်မှုတွေ ပြုလုပ်နေလည်းပဲ  စစ်ကောင်စီရဲ့ စစ်မှုထမ်းရန်အမိန့်နဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ၊  အလုပ်အကိုင်ရှားပါးမှုနဲ့ပြည်တွင်းမှာလုပ်ခလစာတိုးမြင့်မှုမရှိတာတွေကြောင့်  ပြည်ပနိုင်ငံများသို့ ထွက်ခွာလုပ်ကိုင်မှုပိုမိုများပြားလာရာ  ထိုင်း၊ မလေးရှား ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနဲ့ လာအို စတဲ့နိုင်ငံတွေဆီထွက်ခွာမှုတွေပိုမိုမြင့်တက်လာသလို  တရားမ၀င်ထွက်ခွာမှုတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။

 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025