NEWS

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၆ ခုကို လစဉ်ဒဏ်ကြေး ၁ သိန်းနှုန်းတိုးကောက်ဖို့ ဝန်ကြီးဌာနသတ်မှတ်

CoverLogo
854 Views

ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၆ ခုက သတ်မှတ်ရက်အတွင်း ဒဏ်ကြေးပေးဆောင်မှုမရှိလို့ဟုဆိုကာ ၎င်းကုမ္ပဏီများကို လစဉ်ဒဏ်ကြေး ကျပ် တစ်သိန်းနှုန်း တိုးမြှင့်ကောက်ခံမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အခွန်ပေးဆောင်ခြင်းမရှိတဲ့ကုမ္ပဏီများနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၃ ခုကို အလုပ်ခေါ်စာအသစ် တင်ပြမှု ဆိုင်းငံ့ လိုက်ပြီးအဲ့ဒီထဲက ဌာနရဲ့ညွှန်ကြားချက်တွေကို အပြည့်အဝလိုက်နာမှာမရှိတဲ့အေဂျင်စီ၁၆ခုကို ဒဏ်ကြေးလစဉ်တပ်ဖို့ကိုပါ ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။ 

" ပြည်တွင်းက‌ နေ ပြည်ပအလုပ်အကိုင်ဝန်‌ဆောင်မှု‌ ပေးနေတဲ့အေဂျင်စီအရေအတွက် ၆၀၀ ကျော်ရှိတဲ့အထဲမှာ ၁၀၀ ကျော်လောက်က အလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အလုပ်သမားစာရင်းတောင်းခံလွှာတွေကိုမတင်ပြနိုင်လို့  လုပ်ငန်းရပ်ထားဖို့ အလုပ်ခေါ်စာအသစ်တင်ပြတာဆိုင်းငံ့ဖို့တွေ ပြောလာတာရှိတယ်။လက်ရှိမှာကပြည်ပအလုပ်အကိုင်အေဂျင်စီတွေလည်းအတော်အကျပ်ရိုက်ကြတယ်။သူတို့စေလွှတ်လိုက်တဲ့လုပ်သားရဲ့မိသားစုထံပြန်ပို့ငွေကို ပို့လားမပို့လားအဲ့လိုတွေအေဂျင်စီကစာရင်းကောက်ပြီးဌာနကိုတင်ပြရတာကလွယ်မနေဘူး။အချို့လည်းအေဂျင်စီကိုယ်တိုင်ကငွေစိုက်ထုတ်ပြီးပြန်တင်ပြပေးနေတာတွေလည်းရှိတယ်။အခုလည်းအေဂျင်စီ၁၆ခုကို သတ်မှတ်ရက်အတွင်းသူတို့တပ်ထားတဲ့ဒဏ်ကြေးပေးဆောင်တာမရှိလို့ လစဉ်ဒဏ်ကြေးတိုးကောက်ဖို့ပြောထားတယ်။ဘယ်‌ အေဂျင်စီ‌ တွေကို ကောက်တာလဲ‌ ဆိုတာတော့နာမည်တွေဖော်ပြမထားသေးဘူး။အခုတောင်အချို့တွေပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းကိုမလုပ်ချင်ကြတော့တာအခုလိုဒဏ်ကြေးတွေလစဉ်တပ်နေရင်တော့အနှေးနဲ့အမြန်ပဲ လုပ်ငန်းပိတ်သိမ်းကုန်လိမ့်မယ်"လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ 

အလုပ်ခေါ်စာအသစ်တင်ပြခွင့် ဆိုင်းငံ့ထားတဲ့
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၃ ခုအနေနဲ့ ဒဏ်ကြေးများ ပေးသွင်းခြင်း၊ အခွန်ပေးဆောင်ခြင်းများ ပြုလုပ်ပြီးမှသာ အလုပ်ခေါ်စာအသစ် တင်ပြခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။ 

အလုပ်သမား စေလွှတ်လချုပ်စာရင်းများကို အလုပ်သမား စေလွှတ်နိုင်ခြင်း ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး ၁ ရက် အတွင်း ပုံမှန်ပေးပို့ရမည်ဖြစ်ကြောင်း၊ မိသားစု လွှဲပို့ငွေစာရင်းများ လချုပ်ပေးပို့ရာတွင်လည်း မိသားစုလွှဲပို့ငွေအထောက်အထား ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လကုန်ပြီး ၅ ရက် အတွင်း ပုံမှန်ပေးပို့ရမှာ ဖြစ်ကြောင်းနဲ့ သတ်မှတ်ရက်အတွင်း ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးနဲ့  Demand letter အသစ် တင်ပြ ခွင့် ဆိုင်းငံ့ခံရမည်ဖြစ်ကြောင်းလည်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့သိရှိရပါတယ်။ 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026