NEWS

ပြည်ပအလုပ်သမားတွေ တရားဝင်ငွေလွှဲမပို့ပါကစာရင်းပေးသွင်းရန်ညွှန်ကြား

CoverLogo
691 Views

ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်နေသူတွေအနေနဲ့မိသားစုကိုတရားဝင်လမ်းကြောင်းကတစ်ဆင့်ငွေလွှဲတာမရှိရင်လည်းစာရင်းပေးရမယ်လို့စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနကညွှန်ကြားမှုလုပ်ဆောင်ပြန်ပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနဟာရွှေ့ပြောင်းလုပ်သားတွေလုပ်ခလစာရဲ့၂၅ရာခိုင်နှုန်းကိုပြည်တွင်းကိုပြန်လည်‌လွှဲပြောင်းပေးဖို့ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ‌ေတွ၊သံရုံးတွေ၊ပတ်စပို့စ်ရုံးတွေကိုကြပ်မတ်မှုတွေနည်းမျိုးစုံနဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

အရင်ကတော့တရားဝင်လမ်းကြောင်းနဲ့ငွေလွှဲသူစာရင်းကိုလစဉ်တောင်းခံခဲ့ပေမယ့်အခုချိန်မှာတော့ပြန်လည်လွှဲပြောင်းမှုမရှိတာတွေကိုပါအချက်အလက် စတင်စုဆောင်းလာတာဖြစ်ပါတယ်။ 

"လစာငွေပြန်မလွှဲတဲ့သူတွေစာရင်းလည်းပို့ပါဆိုတော့စိတ်ပူမိတယ်။နည်းမျိုးစုံနဲ့ဘယ်လိုယုတ်မာမလို့လဲတွေးမိတယ်။လစာကိုဘဏ်ကလွှဲဖို့အိမ်ကိုပြောကြည့်ဖူးတယ်။ဒါပေမယ့်အိမ်ကလူတွေကဘဏ်မသွားချင်ဘူး။အချိန်ပေးရတာနဲ့စာရွက်စာတမ်းတွေရှုပ်လို့မသုံးချင်ဘူး"လို့ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

ပြည်ပမှာအလုပ်လုပ်ကိုင်သူအများစုဟာတရားမဝင်ငွေလွှဲစနစ်(ဟွန်ဒီ)ကိုအသုံးပြုတာပိုများပြီးပေါက်ဈေးအတိုင်းကျပ်ငွေရရှိတာ၊ အိမ်တိုင်ရာ ရောက်ဖြစ်စေ၊ ငွေထုတ်ရလွယ်ကူတဲ့ဘဏ်စနစ်ထဲဖြစ်စေရောက်ရှိတဲ့အားသာချက်ကိုသဘောကြတာပဲဖြစ်ပါတယ်။ 

"ကိုရီးယားကတစ်လဆယ်သိန်းလွှဲပါတယ်။တစ်ခါကြုံဖူးတယ်။လွှဲနေကျပိုက်ဆံဆယ်သိန်းရဖို့ကိုနောက်တစ်ပတ်စောင့်ပေးပါဆိုလို့ဆေးဖိုးကအစတိုင်ပတ်ဖူးတယ်"လို့ရွေ့ပြောင်းလုပ်သားတစ်ဦးရဲ့မိခင်ဖြစ်သူကပြောပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနဟာနိုင်ငံခြားငွေရရှိရေးအတွက်စေလွှတ်ရေးလုပ်ငန်းစဉ်တွေမှာတကူးတကထည့်သွင်းမှာကြားတာတွေ၊ အေဂျင်စီတွေကိုဖိအားပေးတာတွေနဲ့‌အလုပ်သမား‌ရှိရာလုပ်ငန်းခွင်တွေထဲသွားပြီးလစာငွေလွှဲပြောင်းဖို့ပြော‌ဆိုခိုင်းတာတွေလည်းရှိခဲ့ပါတယ်။ 

"အခုကတော့မပို့ရင်လည်းမပို့ဘူးရေးဆိုတော့နည်းနည်းလေးတော့အဆင်ပြေတာပေါ့။ကျွန်တော်တို့ကိုဖိအားပေးလည်းတတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလေ။ဘာထပ်လုပ်မလဲတော့ကြည့်ရမှာပေါ့"လို့ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုအေဂျင်စီမှာလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။ 

ပြည်ပကိုလုပ်သားစေလွှတ်တဲ့အေဂျင်စီတွေကိုလုပ်သားစေလွှတ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေငွေလွှဲရရှိ၊မရရှိစာရင်းကိုလဆန်း(၅)ရက်မတိုင်ခင်လစဉ်ပေးပို့ရမယ်လို့ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026