NEWS

ပြည်ပအလုပ်ခေါ်စာအသစ် များအတွက် EC စာချုပ် ချုပ်ခွင့် မပြုသေး

CoverLogo
605 Views
 
ပြည်ပ နိုင်ငံ တွေက ခေါ်ယူထားတဲ့ အလုပ်ခေါ်စာအသစ်(Demand letter) တွေ ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားပေမယ့် အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ် ချုပ်ဖို့ ခွင့်မပြုသေးဘူးလို့ ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုက်စင်ရအေဂျင်စီတွေ ထံ မှ သိရပါတယ်။
 
ပြည်ပသို့ လုပ်သားစေလွှတ်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်မူဝါဒ တွေကို အလုပ်သမားဝန်ကြီးဌာနက ယခု ၂၀၂၅ခုနှစ် ဇန်နဝါရီ လ ကုန်ပိုင်းမှာ ပြင်ဆင် ကန့်သတ်တာတွေ ပြုလုပ်ခဲ့ ပြီး အလုပ်ခေါ်စာအသစ် (Demand Letter)တင်ပြခြင်း ကို ၂၀၂၅ခုနှစ် မေလ ၂ရက် မှ စပြီး တင်ခွင့်ပေးခဲ့ပေမယ့် ယခု ထိ ခွင့်ပြုချက်မချပေးသေးဘူးလို့သိရပါတယ်။
 
"Demand Letter တွေ ကို မေလ ကတည်းက တင်ထားတာ အခု ထိ ဘာမှ ပြန်မချပေးသေးပါဘူး အခုက စာချုပ် ချုပ်ထားတဲ့ လုပ်သားတွေ တောင် အကုန်မထွက်သေးဘူး အဲ့တော့ အေဂျင်စီတွေ လည်း နောက်ထပ် စာချုပ် ဆိုတာထက် ချုပ်ပြီးသား လူတွေ ကိုပဲ အမြန်ထွက်ရဖို့ မျော်လင့်နေကြတယ် ဒီလို ကြန့်ကြာမှု မျိုးနဲ့လည်း အေဂျင်စီ တွေ အလုပ်ခေါ်စာ သစ် ထပ်ရှာ မယ့် သူအလွန်နည်းသွားလိမ့်မယ်""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
အခုလို ပြည်ပ အလုပ်ခေါ်စာ သစ်တွေ ကို အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုချက် မပေးသေးတာကြောင့်ပြည်ပ ကို အထောက်အထားနဲ့ တရားဝင် အလုပ် လုပ်ရန် စီစဉ်ထားတဲ့ လုပ်သားတွေ အတွက်မျှော်လင့်ချက်မဲ့ နေတယ်လို့ သိရပါတယ်။
 
""ထိုင်းကို သွားဖို့ အေဂျင်စီမှာ အင်တာဗျူး ဖြေလို့ အောင်ထားပြီးပြီ စာချုပ်ဖို့ စောင့်နေတာ အခုဆို ၅လ ၆လ ရှိပြီ ချုပ်ထားတဲ့သူတွေ တောင် မသွားရသေးတော့ ကိုယ်တွေ က နှစ်ကုန်တောင် ချုပ်ရပါ့မလား မသိဘူး ညီမ နဲ့အတူ အင်တာဗျူးအောင်ထားတဲ့သူတွေ ဆို မစောင့်နိုင်တော့လို့ အောက်လမ်းက သွားကြပြီ ပြည်တွင်းမှာကျတော့လည်း ရတဲ့လစာနဲ့စားဝတ်နေရေးအဆင်မပြေဘူးလေ အဲ့တော့ ရသလိုသွားကြတာ""လို့ EC စာချုပ်ချုပ်ရန်စောင့်ဆိုင်းနေသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် မတိုင် မီ က အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ် ချုပ်ပြီးဆို ပြီးသူတွေ ထဲ မှ ပြည်ပအလုပ်ကိုင်လမ်းညွှန်သင်တန်းနဲ့ OWIC ကတ် ပြုလုပ်ပြီးသူတွေ ကို စေလွှတ်ခွင့်ပြုတာ ကျန်ရှိသူမရှိတော့ဘူးပေမယ့် ECစာချုပ် ချုပ်ထားပြီး သင်တန်းနဲ့ OWICကတ် မရရှိသေးတဲ့ သူတွေကိုတော့ စိစစ်ပြီး ခွင့်ပြုနေတယ် လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ထံ မှ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026