NEWS

ပြည်ပအလုပ်ခေါ်စာအသစ် များအတွက် EC စာချုပ် ချုပ်ခွင့် မပြုသေး

CoverLogo
333 Views
 
ပြည်ပ နိုင်ငံ တွေက ခေါ်ယူထားတဲ့ အလုပ်ခေါ်စာအသစ်(Demand letter) တွေ ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားပေမယ့် အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ် ချုပ်ဖို့ ခွင့်မပြုသေးဘူးလို့ ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုက်စင်ရအေဂျင်စီတွေ ထံ မှ သိရပါတယ်။
 
ပြည်ပသို့ လုပ်သားစေလွှတ်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်မူဝါဒ တွေကို အလုပ်သမားဝန်ကြီးဌာနက ယခု ၂၀၂၅ခုနှစ် ဇန်နဝါရီ လ ကုန်ပိုင်းမှာ ပြင်ဆင် ကန့်သတ်တာတွေ ပြုလုပ်ခဲ့ ပြီး အလုပ်ခေါ်စာအသစ် (Demand Letter)တင်ပြခြင်း ကို ၂၀၂၅ခုနှစ် မေလ ၂ရက် မှ စပြီး တင်ခွင့်ပေးခဲ့ပေမယ့် ယခု ထိ ခွင့်ပြုချက်မချပေးသေးဘူးလို့သိရပါတယ်။
 
"Demand Letter တွေ ကို မေလ ကတည်းက တင်ထားတာ အခု ထိ ဘာမှ ပြန်မချပေးသေးပါဘူး အခုက စာချုပ် ချုပ်ထားတဲ့ လုပ်သားတွေ တောင် အကုန်မထွက်သေးဘူး အဲ့တော့ အေဂျင်စီတွေ လည်း နောက်ထပ် စာချုပ် ဆိုတာထက် ချုပ်ပြီးသား လူတွေ ကိုပဲ အမြန်ထွက်ရဖို့ မျော်လင့်နေကြတယ် ဒီလို ကြန့်ကြာမှု မျိုးနဲ့လည်း အေဂျင်စီ တွေ အလုပ်ခေါ်စာ သစ် ထပ်ရှာ မယ့် သူအလွန်နည်းသွားလိမ့်မယ်""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
အခုလို ပြည်ပ အလုပ်ခေါ်စာ သစ်တွေ ကို အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုချက် မပေးသေးတာကြောင့်ပြည်ပ ကို အထောက်အထားနဲ့ တရားဝင် အလုပ် လုပ်ရန် စီစဉ်ထားတဲ့ လုပ်သားတွေ အတွက်မျှော်လင့်ချက်မဲ့ နေတယ်လို့ သိရပါတယ်။
 
""ထိုင်းကို သွားဖို့ အေဂျင်စီမှာ အင်တာဗျူး ဖြေလို့ အောင်ထားပြီးပြီ စာချုပ်ဖို့ စောင့်နေတာ အခုဆို ၅လ ၆လ ရှိပြီ ချုပ်ထားတဲ့သူတွေ တောင် မသွားရသေးတော့ ကိုယ်တွေ က နှစ်ကုန်တောင် ချုပ်ရပါ့မလား မသိဘူး ညီမ နဲ့အတူ အင်တာဗျူးအောင်ထားတဲ့သူတွေ ဆို မစောင့်နိုင်တော့လို့ အောက်လမ်းက သွားကြပြီ ပြည်တွင်းမှာကျတော့လည်း ရတဲ့လစာနဲ့စားဝတ်နေရေးအဆင်မပြေဘူးလေ အဲ့တော့ ရသလိုသွားကြတာ""လို့ EC စာချုပ်ချုပ်ရန်စောင့်ဆိုင်းနေသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် မတိုင် မီ က အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ် ချုပ်ပြီးဆို ပြီးသူတွေ ထဲ မှ ပြည်ပအလုပ်ကိုင်လမ်းညွှန်သင်တန်းနဲ့ OWIC ကတ် ပြုလုပ်ပြီးသူတွေ ကို စေလွှတ်ခွင့်ပြုတာ ကျန်ရှိသူမရှိတော့ဘူးပေမယ့် ECစာချုပ် ချုပ်ထားပြီး သင်တန်းနဲ့ OWICကတ် မရရှိသေးတဲ့ သူတွေကိုတော့ စိစစ်ပြီး ခွင့်ပြုနေတယ် လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ထံ မှ သိရပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025