NEWS

ပြည်ပသို့ အရေးပေါ်သွားလိုသူများအတွက် ဝန်ဆောင်ခ ကျပ် ၅ သိန်းကျော်ဖြင့် နိုင်ငံကူးလက်မှတ် အမြန်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်

CoverLogo
173 Views
 
ပြည်ပကို အရေးကြီး၊အရေး ပေါ်သွားရောက်လိုသူတွေကို ဝန်ဆောင်ခ ၅၄၅,၀၀၀ကျပ် နဲ့ နိုင်ငံကူးလက်မှတ်(ပတ်စပို့)အမြန်ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး က အသိပေး ထုတ်ပြန်ပါတယ်။
 
နိုင်ငံကူးလက်မှတ် အမြန်ရလိုသူတွေအတွက် Online Booking တင်ရာတွင်လည်းကောင်း၊ ရုံးတွင်းဆောင်ရွက်ရာတွင်လည်းကောင်း စောင့်ဆိုင်းဖို့ မလိုဘဲ အမြန်ဝန်ဆောင်မှု (Express Service) နဲ့လျှောက်ထားနိုင်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
 
လျှောက်ထားသူတွေ ဟာ ၅ရက်အတွင်း နိုင်ငံကူးလက်မှတ် စာအုပ် ရမှာ ဖြစ်ကာ အမြန်ဝန်ဆောင်ခ မှာ စာအုပ်ဖိုးအပါအဝင် ၅၄၅၀၀၀ကျပ် ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
 
ယခု ဝန်ဆောင်မှု ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၅ရက်မှာ စတင် မှာ ဖြစ်တယ်လို့အသိပေးထားပါတယ်။ နိုင်ငံကူးလက်မှတ် အမြန်လျှောက်ထားရာမှာလည်း အမည်မည်းစာရင်းမှာ ပါဝင်သူတွေ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူ တွေ ၊ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာသူတွေ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူ တွေ ၊လက်ရှိနိုင်ငံ့ဝန်ထမ်း တွေ၊ အစိုးရအဖွဲ့အစည်း တွေ ၊အစိုးရမဟုတ်တဲ့ တခြားအဖွဲ့အစည်း တွေနဲ့ ပုဂ္ဂလိအဖွဲ့အစည်းတွေက ထောက်ခံချက်လိုအပ်သူ တွေ အနေနဲ့ ကတော့ ငွေ မဆုံးရှုံးစေဖို့ အတွက် ရုံးတွေမှာ စုံစမ်းပြီးမှသာ လျှောက်ထားကြ ဖို့ အသိပေးထားပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026