NEWS

ပြည်ပလုပ်သား မိသားစုထံငွေလွှဲပို့စာရင်း တင်ပြရန် အေဂျင်စီတွေကို နေပြည်တော် အလုပ်သမားဝန်ကြီးရုံးသို့ အလှည့်ကျခေါ်ယူစစ်ဆေးမည်

CoverLogo
388 Views

ပြည်ပရောက် လုပ်သားတွေထံကနေ မိသားစုလွှဲပို့ငွေစာရင်းကို အေဂျင်စီ တွေ အနေနဲ့ တင်ပြနိုင်ခြင်း ရှိမရှိ ကို အလုပ်သမားဝန်ကြီးဌာန နေပြည်တော် ရုံးကို လာရောက် ရှင်းလင်းတင်ပြဖို့ အတွက် အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေ ကို အလှည့်ကျခေါ်ယူစစ်ဆေးသွားမယ်လို့ အေဂျင်စီအသိုင်းဝိုင်းမှ သိရပါတယ်။

မိမိစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုထံလွှဲပို့ ငွေ ကို တရားဝင်ဘဏ် ကနေ တစ်ဆင့်
လွှဲပို့ထားတဲ့ အထောက်အထားတွေ ကို ယူဆောင်ကာ အလုပ်သမားဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်သို့ အေဂျင်စီ မှ မန်နေဂျင်းဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာအဖွဲ့ ဝင် တစ်ဦးဦးက လာမယ့်ဩဂုတ်လ ၁၂ ရက်က စပြီး အလှည့်ကျ သွားရမယ်လို့ ဆိုပါတယ်။

"၁၂ရက်နေ့မှာ အေဂျင်စီ ၁၀ ဦး အရင် သွားရမယ် သူတို့စာထုတ်ထားတာက စုစုပေါင်း အေဂျင်စီ ၂၄၉ ခု ရှိတယ် ဒီအေဂျင်စီ တွေ အကုန်လုံး အလှည့်ကျ နဲ့ သွားရမှာ အလုပ်သမားဆီက ငွေလွှဲပို့တဲ့အထောက်အထားမရတဲ့ အေဂျင်စီ က များတယ် ဘယ်လိုရှေ့ဆက်ကမယ် မသိတော့ဘူး အေဂျင်စီ တွေ လည်းစိတ်ညစ်နေရပြီ"လို့ အေဂျင်စီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီ ၂၄၉ ခု ရှိကာ အလုပ်သမားအများဆုံးစေလွှတ်တဲ့ အေဂျင်စီ ၁၀ခု ကို  ပထမဦးစွာ အလုပ်သမားများ က မိသားစုထံ လွှဲပို့ငွေ ပေးပို့လာခြင်း ရှိမရှိ စိစစ် ရန်  နေပြည်တော်ရုံးချုပ်ကို ခေါ်ယူထားတယ်လို့ သိရပါတယ်။

ခေါ်ယူခံရတဲ့ အေဂျင်စီတွေက   ဩဂုတ် ၁၂ရက်နေ့ မှာ အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော် ကို သွားရောက်ရမှာ ဖြစ်ပြီး အလုပ်သမားမှ မိသားစုလွှဲပို့ငွေပေးပို့ထားတဲ့ လူစာရင်းနဲ့ငွေလွှဲပေးပို့ထားတဲ့ အထောက်အထားတွေ ကိုတပါးတည်းယူဆောင်လာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လာရောက်ရှင်းလင်းတင်ပြ မှု မရှိခြင်း၊ မိသားစု လွှဲပို့ငွေ ရရှိအောင် ဆောင်ရွက် နိုင်မှုမရှိ ခြင်း တို့ကို စိစစ်တွေ့ရှိပါက စေလွှတ်လုပ်ငန်းတွေ ဆိုင်းငံ့မှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြည်ပကိုတရားဝင်အလုပ်သွားရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေ ရဲ့ ရရှိတဲ့ လစာထဲက  ၂၅ရာခိုင်နှုန်း ကို 
စစ်ကောင်စီ က သတ်မှတ်ထားတဲ့ ဘဏ်တွေကနေ မိသားစုထံ ငွေလွှဲ ပေးပို့ရမှာ ဖြစ်ပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ ပြင်ပဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးက ကွာဟမှု မြင့်မားတာကြောင့် ပြည်ပရောက် လုပ်သားတွေအနေနဲ့ တရားဝင်လမ်းကြောင်းကနေ လွှဲပို့ဖို့ ရှောင်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026