NEWS

ပြည်ပလုပ်သားတွေ လုပ်အားခ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပြောင်းဖို့ လုပ်ငန်းခွင်အထိလိုက်လံဖိအားပေးနေ

CoverLogo
890 Views

ပြည်ပရောက်မြန်မာ အလုပ်သမားတွေ ကို မိသားစုထံလွှဲပို့ငွေ ၂၅ရာခိုင်နူန်း နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဘဏ်တွေက တဆင့် ငွေလွှဲပေးပို့ ဖို့ အတွက် စက်ရုံ အလုပ်ရုံတွေအထိ ဖိအားပေး လွှဲခိုင်းတာတွေ ပြုလုပ်တယ်လို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေထံ က သိရပါတယ်။

သက်ဆိုင်ရာ မြန်မာသံရုံး တွေ ကနေ ပြည်ပရှိ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာကို မိသားစုလွှဲပို့ရာမှာ   တရားဝင်လမ်းကြောင်းကနေ လွှဲပေးဖို့ စာဖြင့်အကြောင်းကြားတာရှိသလိုသံရုံးကတာဝန်ရှိသူတွေကလာရောက် ပြောတာတွေရှိတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့ စက်ရုံ ကိုသံရုံး ကနေ အကြောင်းကြားလာလို့  စက်ရုံမန်နေဂျာက လစာရရင် မိသားစုလွှဲပို့ငွေ ၂၅ရာခိုင်နှုန်းကို သူတို့ပြောသလို လွှဲပို့ရမယ်လို့ ပြောတယ် အခုလ ကုန်ရင် စပြီး လွှဲရမယ် လို့ပြောတယ် ဘဏ်တွေမသွားတတ်ရင် True Money ကလည်း လွှဲလို့ရတယ်ဆိုပြီး ပြောတယ် မြန်မာအလုပ်သမားတွေကမလွှဲချင်ကြဘူး လကုန်ရင်တော့ ဘယ်လို ဖြစ်မယ်မသိသေးဘူး ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

မိသားစုလွှဲပို့ငွေ ကို တရားဝင်လမ်းကြောင်းကနေလွှဲပို့ဖို့ အတွက် ထိုင်းနိုင်ငံအပြင် မလေးရှား၊ လာအိုစတဲ့ မြန်မာအလုပ်သမားတွေတရားဝင်သွားရောက် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံတွေမှာ  မြန်မာအလုပ်သမား များရှိသော စက်ရုံအလုပ်ရုံ တွေကို မြန်မာသံရုံးတွေကနေ အကြောင်းကြားထားတယ်လို့သိရပါတယ်။

"ကျွန်တော်တို့ စက်ရုံ ကိုလည်း စာရောက်တယ် မိသားစုလွှဲပို့ငွေ ၂၅ရာခိုင်နှုန်းကိစ္စ အရင်လတွေ ထဲ က ကြားပေမယ့် အခုက ပိုပြီး ဖိအားပေးလာသလိုဖြစ်လာတယ် ကျွန်တော်တို့ကို ပို့ပေးတဲ့ အေဂျင်စီ ကလည်း လစာလွှဲပို့ငွေ ကိစ္စလှမ်းပြောတာတွေရှိတယ် အကယ်၍ တရားဝင်လမ်းကြောင်းကနေ ငွေလွှဲ ပို့ထားရင် အထောက်အထားစာရွက် သူတို့ကို ဓါတ်ပုံရိုက်ပြီး ပို့ပေးဖို့ပြောတယ်""လို့ မလေးရှားရှိမြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

အခုလို ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ ၂၅ရာခိုင်နူန်းနဲ့ပတ်သက်ပြီး စစ်ကောင်စီ မှ စက်ရုံ တွေထဲ အထိ  ဖိအားပေးလာတာနဲ့ပက်သက်ပြီး ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားရေးဆောင်ရွက်ပေးသူတစ်ဦးကအခုလိုပြောပါတယ်။

""စစ်ကောင်စီကတော့ သူရသလို တောင်းမှာပဲ အခုစက်ရုံတွေထဲအထိ ဖိအားပေးလာနေပြီ အဲ့တော့ မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ့်စက်ရုံက အလုပ်သမားခေါင်းဆောင်တို့ မန်နေဂျာတို့နဲ့ ညှိကြည့်ပြီး မလွှဲရဖို့ လုပ်ဆောင်တာမျိုး လုပ်လို့ရမယ် တကယ်လို့ ပတ်စပို့စာအုပ်သက်တမ်းကုန်ခါနီးသူတွေ သံရုံးကို သွားမယ့်ကိစ္စရှိသူတွေကတော့ စစ်ကောင်စီ ပြောသလို လွှဲရမှာပေါ့ သူတို့ နဲ့ မှ မလွတ်ကင်းတာ အခုလို အဓမ္မအတင်း တောင်းယူတာတွေ အလုပ်သမားအခွင့်ရေးဆုံးရှုံးတာတွေ ဆက်ပြီး မဖြစ်ဖို့က စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းအောင်လုပ်မှရမှာ"လို့ဆိုပါတယ်။

ပြည်ပနိုင်ငံအသီးသီးကို တရားဝင်လမ်းကြောင်းကနေ အလုပ်သွားရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အခုလို ငွေလွှဲဖို့ ဖိအားပေးခြိမ်းခြောက်ရုံတင်မက ပြည်တွင်းက လုပ်သားပို့ဆောင်တဲ့အေဂျင်စီတွေကို ပါ ၂၅ ရာခိုင်နှုန်းလွှဲပို့ငွေ  စာရင်းတင်မပြနိုင်ပါက စေလွှတ်ခွင့် ဆိုင်းငံ့တဲ့အထိပါ စစ်ကောင်စီကလုပ်ဆောင်နေတာပါ။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026