NEWS

ပြည်ပလုပ်သား​တွေရဲ့ မိသားစုထံလွှဲပို့​​ငွေ အဓမ္မ​တောင်းခံမှုကြောင့် အေဂျင်စီ​တွေ အခက်​တွေ့​နေ

CoverLogo
221 Views

၂၀၂၄ ခုနှစ်  အောက်တိုဘာလ အတွက် ပြည်ပရောက်အလုပ်သမားတွေ က မိသားစု ထံ လွှဲပို့ငွေ အထောက်အထား မပြနိုင်တဲ့ လိုင်စင်ရ အေဂျင်စီ ၂၉၀ ကျော်ရှိတယ် လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ 

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ တွေ အနေနဲ့ မိမိတို့ ပို့ဆောင် ပေးလိုက်တဲ့ အလုပ်သမားရဲ့ လစဉ် မိသားစုထံ လွှဲပို့ငွေ ကို အလုပ်သမားဝန်ကြီးဌာနက သက်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်း လွှဲပို့ ထားမှု ရှိမရှိ အထောက်အထား ကို ဝန်ကြီးဌာန ထံ  လအလိုက်တင်ပြရတယ်လို့ သိရပါတယ်။

လက်တလောမှာ ၂၀၂၄ခုနှစ် အောက်တိုဘာလ အတွက် မိသားစုထံလွှဲပို့ငွေ အထောက်အထား ကို အလုပ်သမားဝန်ကြီးဌာနထံ မတင်ပြနိုင်တဲ့ အေဂျင်စီ ၂၉၂ ခု ရှိတယ်လို့ ဆိုပါတယ်။ 

""  တစ်လ တစ်လ ဒီ မိသားစုလွှဲပို့ငွေအထောက်အထား ရဖို့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေဆီ လှမ်းတောင်းရတာ ကလေးတွေလည်း အေဂျင်စီ တွေ ကိုအမြင်မကြည်တော့ဘူး တစ်ချို့ဆို အဆက်သွယ် လုံးဝ လုပ်မရတော့ဘူး ဝန်ကြီးဌာန ဘက်က လည်း မပြနိုင်ရင် အေဂျင်စီ ကို ဒဏ်ကြေးကောက်မယ် အရေးယူမယ်ဆိုတာ မျိုး လုပ်နေတော့ ရေရှည် ဆို အေဂျင်စီ တွေ လိုင်စင်ပြန်အပ်တာတွေ များလာလိမ့်မယ် အခုတောင် တစ်ချို့အေဂျင်စီတွေ အခြားလုပ်ငန်း ကို ပြောင်းလုပ် ဖို့ စီစဉ်နေတာ တွေ များလာပြီ""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ လည်း အောက်တိုဘာလ အတွက် ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစု လွှဲပို့ငွေ အထောက်အထားမပြနိုင်သေးတဲ့ အေဂျင်စီ ၂၉၀ ကျော်ကို နိုဝင်ဘာ၁၁ရက်နောက်ဆုံး ထားပြီး ပေးရန်နဲ့ ပျက်ကွက်ပါက ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်သလို Demand Letter အသစ်တင်ပြခွင့်ကို ဆိုင်းငံ့ခြင်း ခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
အလုံပိတ်ကားဖြင့် လိုက်ပါလာရသည့် မြန်မာလုပ်သား ၄၀ဦး အဖမ်းခံရ
Jun 08, 2025
Cover
မိုးပျံတံတားစီမံကိန်းမှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား ၄ ဦး အတွက် ဘတ် ၄ သန်းနစ်နာကြေးရ
Jun 03, 2025
Cover
စာချုပ် ချုပ်ထားပြီး အသက်ကန့်သတ်ချက် ကိုက်ညီနေတဲ့ အမျိုးသား လုပ်သားတွေပြည်ပထွက်ခွင့်မရ
Jun 03, 2025
Cover
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တွေအတွက် CI စာအုပ်သက်တမ်းတိုး စခန်းများဖွင့်လှစ်ပေးမည်ဟုဆို
Jun 02, 2025
Cover
ပဲလှော်ကြား ဆားညှပ်ရသည့် လာအိုရောက် မြန်မာလုပ်သမားများ
May 31, 2025
Cover
တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၇၀၀ကျော်စေလွှတ်ထား
May 29, 2025
Cover
YUN NANXIN JLAHAO အထည်ချုပ် အချိန်ပိုကြေးများ ဖြတ်တောက်နေ
May 27, 2025
Cover
ရဲခေါ်ဖမ်းခိုင်းသည့် အလုပ်ရှင် မြန်မာလုပ်သား များအား ဘတ် လေးသိန်းကျော် ပြန်ပေး
May 27, 2025