NEWS

ပြည်ပလုပ်သားစေလွှတ်ရေး ရပ်ဆိုင်းထားတဲ့ အေဂျင်စီ ၁၅၀ ကိုစေလွှတ်ရေးလုပ်ငန်းစဉ်များ ပြန်လည် ဆောင်ရွက်ခွင့်ပြု

CoverLogo
494 Views

ပြည်ပရောက်တရားဝင်အလုပ်သမားတွေကို တရားဝင်ငွေလွှဲလမ်းကြောင်းကနေ မိသားစုထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း ကိစ္စနဲ့ပက်သက်ပြီး သတ်မှတ်ရာခိုင်နှုန်းပြည့်မီအောင် ပြန်လည် ပြုလုပ်ပေးတဲ့အတွက် စေလွှတ်ရေးရပ်ဆိုင်းထားတဲ့ အေဂျင်စီ ၁၅၀ ကိုယခင်အတိုင်း စေလွှတ်ရေးလုပ်ငန်းစဉ်များ ပုံမှန်ပြန်လည် ဆောင်ရွက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှု အရသိရပါတယ်။ 

လိုင်စင်ရအေဂျင်စီ တွေ အနေနဲ့ မိမိပို့ဆောင်ပေးလိုက် တဲ့ အလုပ်သမားရဲ့ လုပ်ခလစာ ၂၅ရာခိုင်နှုန်း ကို စစ်ကောင်စီကသတ်မှတ်ထားတဲ့ တရားဝင်ငွေလွှဲလမ်း ကြောင်းက လွှဲပို့ထားတဲ့ အထောက်အထား မပြ နိုင်ပါက အေဂျင်စီ တွေ အနေနဲ့ ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် လုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ်တွေ၊အလုပ်ခေါ်စာ(Demand Letter)အသစ် တင်ပြမှု တွေ ကို ခေတ္တဆိုင်းငံ မယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

""သူတို့က  လုပ်သားတွေငွေလွှဲ ထားတဲ့ အထောက်အထားမပြနိုင်ရင် စေလွှတ်ရေး လုပ်ငန်း တွေ ကို ပိတ်လိုက်တော့ ဒီဘက်ကနေ ထွက်ခါနီး အလုပ်သမားတွေ က အကုန်အခက်ခဲဖြစ်ကုန်တာပေါ့ အဲ့တော့ သူတို့သတ်မှတ်ထားတဲ့ ငွေလွှဲ အထောက်အထား ၅၀ရာခိုင်နှုန်းပြည့်မီ အောင် အေဂျင်စီ တွေ ဘက်က ပြည်ပ ရောက်နေတဲ့ အလုပ်သမားတွေစီကနေ လွှဲပေးဖို့ လှမ်းပြောရတာမျိုးတွေ တချို့အေဂျင်စီ ကျတော့ ဟိုဘက်က နေ အလုပ်သမားက လွှဲပေးသလို ပုံစံ နဲ့ မိမိငွေနဲ့ အလွှဲပြရတာတွေရှိတယ် နိုင်ငံအလိုက် ငွေကြေးကွာဟ မှုတွေတော့ရှိတယ် ဥပမာ ထိုင်းဘတ်ဈေးက အပြင်ပေါက်ဈေးက ၁၆၀ ကျပ် ကျော်ရတယ် စစ်ကောင်စီဘဏ်တွေက ၁၂၀ ကျပ်ပဲပေးတော့ ငွေစိုက် လွှဲတဲ့အခါ ရှုံးတာပေါ့ ဒါပေမယ့်လည်း အဲ့လိုမှ မလွှဲရင် ဒီဘက်က ထွက်ခါနီး သူတွေမထွက်ရဘဲ ကြာကုန်မှာ အဲ့တော့ အရင်ဆုံးဖြေရှင်းရတာပေါ့ အခုလိုဖြေရှင်းတဲ့ ပုံစံက ရေရှည် အတွက် ဆိုရင်တော့ အဆင်မပြေဘူး ""လို့လိုင်စင်ရအေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

အထောက်အထားတင်ပြမှု သတ်မှတ်ရာခိုင်နှုန်းပြည့်မီလို့ အေဂျင်စီ ၁၅၀ မှ  စေလွှတ်ရေးလုပ်ငန်းစဉ် တွေကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက   ပုံမှန်အတိုင်း ဆောင်ရွက်ခွင့်ပြန်ပြုပေမယ့် မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြမှု သတ်မှတ်ရာခိုင်နူန်း မပြည့်မီသေး လို့ Demand Letter(အလုပ်ခေါ်စာ)အသစ် တင်ပြခွင့် ခေတ္တဆိုင်းငံ့ထားတဲ့ လိုင်စင်ရအေဂျင်စီ ၈၀ကျော် ကျန်ရှိသေးတယ်လို့ သိရပါတယ်။ 

လက်ရှိ အချိန်ထိ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် ချထားပေတဲ့ အေဂျင်စီ ၅၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026