NEWS

ပြည်ပရွှေ့ပြောင်းလုပ်သားများ အခက်အခဲများရှိပါက အကူအညီတောင်းခံမှုများလုပ်ဆောင်နိုင်

CoverLogo
606 Views

ပြည်ပနိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံရတာတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရပြီး မိသားစုနဲ့ ပြန်လည်ဆက်သွယ်လိုသူတွေအပါအဝင် ပြည်ပနိုင်ငံတွေမှာ အခက်အခဲတွေ  ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေအနေနဲ့ ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် (CTUM) ရွှေ့ပြောင်း အလုပ်သမားဌာန၊ လက်ထောက်ဌာနမှူး ဦးဟိန်းလတ်က ပြောပါတယ်။ 

လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် (CTUM) အနေနဲ့ အာဆီယံနိုင်ငံတွေမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ တရားဝင်လက်မှတ်ရေးထိုးထားပြီး ဒုက္ခရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံနိုင်ငံတွေက အပြန်အလှန်ကူညီပေးရေးကို သဘောတူညီချက်ရှိထားတာ ဖြစ်ပါတယ်။ 

“၂၀၂၄ ခုနှစ်ထဲမှာတော့ ကျွန်တော်တို့ကူညီပေးထားတာ လူ(၅၀၀) ကျော် ရှိပါတယ်။ နိုင်ငံတွေကလည်း အစုံပါပဲ။ ထိုင်းနိုင်ငံကတော့ အများဆုံးပါပဲ။ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသတွေကလည်း ဆက်သွယ်အကူအညီ တောင်းခံကြတာ ရှိပါတယ်။ ကျွန်တော်တို့ CTUM MRC Facebook ကနေပဲဖြစ်ဖြစ် ကျွန်တော်တို့ hotline ဖုန်းတွေကဖြစ်ဖြစ် ဆက်သွယ် အကူအညီတောင်းခံလို့ ရပါတယ်။ကျွန်တော်တို့ တက်နိုင်သလောက်ကူညီသွားမှာပါ။”လို့ ဦးဟိန်းလတ်က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ ကျေးရွာတွေ၊နေအိမ်တွေ မီးရှို့ခံရတာတွေအပြင် အကြောင်းအမျိုးမျိုးနဲ့ အပြစ်ရှာ ဖမ်းဆီးတာ၊ မဖြစ်မနေ စစ်မှုထမ်းခိုင်းတာစတဲ့ အခြေအနေတွေကြောင့်လည်း လူငယ်အများစုဟာ တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ပြည်တွင်းက ထွက်ခွာနှုန်း မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ 

“အခုက ချိုးဖောက်မှုတွေ အရမ်းများလာတယ်။ ဒါပေမယ့် အရေးယူတာက တော်တော်နည်းလာတယ်။ အရင် ကဆို အေဂျင်စီအဖွဲ့ချုပ်နဲ့ ရွှေ့ပြောင်းလုပ်သားကူညီပေးရေးအဖွဲ့တွေ ပူးပေါင်းကူညီပေးတာတွေလည်း အား ကောင်းတယ်။ အသိပညာပေးတာတွေ၊ အကူအညီပေးတာကောပေါ့။ အခုကျ ကျွန်မတို့လည်း ကူညီပေးရတာတွေ ကန့်သတ်ချက်တွေ ရှိလာတယ်”လို့ ပြည်တွင်းမှာ နေထိုင်တဲ့ အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ ရွှေ့ပြောင်းလုပ်သားတွေ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုပေးချေနေရတာတွေ၊ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံနေရတာတွေ၊ MOU စာချုပ်ပါအတိုင် ခံစားခွင့်မရတာ တွေ ရှိနေတာကို ထိရောက်စွာဖြေရှင်းပေးမှု မရှိဘဲ အလုပ်သမားတွေဆီက နိုင်ငံခြားငွေရရှိရေးကိုစာ အားစိုက်လုပ်ဆောင်နေပါတယ်။ 




Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026