VIDEO

ပြည်ပရွှေ့ပြောင်းလုပ်ကိုင်ဖို့ ကြိုးပမ်းရာမှာ ရွာလုံးကျွတ်လိမ်လည်ခံရတာတွေပါ ရှိလာ

CoverLogo
857 Views

 
 
ပြည်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေး ကျပ်တည်းခက်ခဲလာတာ အလုပ်လက်မဲ့နှုန်းများလာတာ နဲ့ ပဋိပက္ခတွေကြောင့် ပြည်ပရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုတဲ့ သူတွေများပြားလာပါတယ်။
ဒီလို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြဖို့ လုပ်ဆောင်ကြတဲ့အထဲမှာ လူငယ် လူရွယ်တွေ လူလတ်ပိုင်းတွေနဲ့ စက်ရုံအလုပ်ရုံ အလုပ်သမားတွေလည်း ပါဝင်လာကြပါတယ်။
ပြည်ပကို ထွက်ခွာ အလုပ်လုပ်ဖို့ ကြိုးပမ်းရာမှာ အဆင်ပြေချောမွေ့စွာ ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရှိသလို ပွဲစားတွေရဲ့ လိမ်လည်ခံရမှုကြောင့် ရွာလုံးကျွတ် လိမ်လည်ခံရတာတွေပါရှိလာပြီး ငွေကြေးကုန်ကျမှု မြင့်တက် ပြီး ရှိတာထက်ပိုမွဲသွားကြရတဲ့ အခြေအနေတွေ လိမ်လည်ခံရမှုဖြစ်စဉ်တွေပိုမို မြင့်တက်လာတယ်လို့ ပြည်ပ ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ အကူအညီပေးရေး အဖွဲ့ ဖြစ်တဲ့ BAGO MRC အကြံပေး ဒေါ်သက်သက်အောင်က ပြောဆိုပါတယ်။
အရင်ကတော့ ပြည်ပကို ထွက်ခွာအလုပ်လုပ်မဲ့ သူတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အသိပညာပေးတာတွေ လုပ်ဆောင်တာ၊ လိမ်လည်တဲ့သူကို ဌာနဆိုင်ရာနဲ့ ချိန်ဆက် အရေးယူတာ၊ လိမ်လည်ခံရသူကို ကူညီဆောင်ရွက်ပေးတာတွေ လုပ်ဆောင်နိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဖြေရှင်းနိုင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ပြည်ပရွှေ့ပြောင်းသွားလာတဲ့အခါမှာ ဘေးကင်းလုံခြုံဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့နဲ့ လိမ်လည်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားပါက ဘယ်လိုလုပ်ဆောင်ရမလဲ၊ ပြည်ပမထွက်ခွာခင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို Myanmar Labour News ရဲ့ ရွှေ့ပြောင်း လုပ်သား အစီအစဉ်ကနေ ထပ်မံ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026