NEWS

ပြည်ပရောက် အလုပ်သမား​တွေ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရပါက စာချုပ်သက်တမ်းပြည့်ချိန်မပျက်မကွက်ပြန်လာပြီး  စစ်မှုထမ်းရမယ်ဟုဆို

CoverLogo
680 Views

ပြည်ပ နိုင်ငံတွေ မှာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အနေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်းခံရပါက အေဂျင်စီနဲ့အလုပ်သမား ချုပ်ဆိုတဲ့ EC စာချုပ်သက်တမ်း ပြည့်ချိန်မှာ မပျက်မကွက် မိခင်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနက ပြန်လည်ဖြည့်စွက်ပြင်ဆင်လိုက်တဲ့ အေဂျင်စီနှင့်အလုပ်သမားအကြားချုပ်ဆိုရတဲ့ သဘောတူစာချုပ်ထဲမှာအလုပ်သမားတွေအနေနဲ့ စာချုပ်သက်တမ်းပြည့်ပါ မိခင်နိုင်ငံကို မပျက်မကွက်ပြန်လာပြီး စစ်မှုထမ်းရမယ်လို့ ထပ်တိုးထည့်ထားပါတယ်။ 

ဒါ့အပြင် အေဂျင်စီ တွေ အနေနဲ့ ပြည်ပနိုင်ငံကို စေလွှတ် လိုက်တဲ့ အလုပ်သမားတွေ ကို ပြည်ပမှာ အလုပ်လုပ်နေစဉ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေ အရ ဆင့်ခေါ်ခြင်း ခံရပါက ယခုစာချုပ်သက်တမ်းပြည့်ချိန်မှာ မိခင်နိုင်ငံ သို့ အချိန်မီ ပြန်လာပြီး စစ်မှုထမ်းနိုင်ရေး အတွက် အလုပ်ရှင်နဲ့အလုပ်သမား ကို အသိပေးပြီး လိုအပ်တာတွေကူညီပေးဖို့ တာဝန်ယူရမယ်လို့ စာချုပ်မှာ ထည့်သွင်းထားပါတယ်။ 

"အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီနဲ့အလုပ်သမားကြားချုပ်ရတဲ့စာချုပ်ကို ပြန်လည်ပြင်ဆင်ထားတဲ့ အသစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အေဂျင်စီရုံးတွေ ကိုပို့ပေးတာ အေဂျင်စီ တွေကို စစ်မှုထမ်းဖို့ အလုပ်သမားကို ပြန်ခေါ်ဖို့ အတွက် တာဝန်ယူခိုင်းတာ ဒီကိစ္စတွေကအေဂျင်စီနဲ့ မသက်ဆိုင်ဘူး အခုမိသားစုထံလွှဲပို့ငွေကိစ္စ တောင် အေဂျင်စီ တွေအတော်လေး စိတ်ညစ်နေကြတယ် အခုတခါ ထပ်ပြီး စစ်မှုထမ်းဖို့ ပြန်ခေါ်ဖို့ပါ ကူညီပေးရမယ်ဆိုတော့ လိုင်စင်ပြန်အပ်ဖို့ပဲ တွေးမိတော့တယ်""လို့ လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ယခုပြင်ဆင် လိုက်တဲ့အေဂျင်စီ နဲ့ အလုပ်သမားကြား ချုပ်ဆိုရတဲ့ စာချုပ်သက်တမ်းမှာ ၃နှစ် ဖြစ်ပြီး လက်မှတ်ရေးထိုးတဲ့ နေ့ရက် မှ စကာအကျိုးသက်ရောက်မှု ရှိတယ်လို့ဆိုပါတယ်။ 

""ကျွန်တော်တို့ အလုပ်သမားတွေရဲ့လစာ ကို ၂၅ရာခိုင်နှုန်း မဖြစ်မနေလွှဲရမယ်ဆိုပြီး ခြိမ်းခြောက်မှု တွေနဲ့ မရမက လွှဲခိုင်းတယ် အခုစစ်မှုထမ်းဖို့ ပြန်ခေါ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်လာတယ် သူတို့ အုပ်ချုပ်မှု အချိန်ကြာလေ ပြည်သူတွေ က ပြည်တွင်းပဲနေနေ ပြည်ပပဲ ရောက်ရောက် ဒုက္ခတွေ ပင်လယ်ဝေ နေမှာပဲ""လို့ မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

EC စာချုပ်သည် စာချုပ်ပါအတိုင်း လုပ်ငန်း အတွင်း အလုပ်သမား က မပြောင်းလဲဘဲ စာချုပ်သက်တမ်းကုန်သည်အထိ ရှိနေပါက အကျိုးသက်ရောက်စေသော်လည်း အလုပ်သမား က အေဂျင်စီ ကို အသိမပေးဘဲ အခြား လုပ်ငန်းခွင်ကို ပြောင်းရွှေ့သွားပါက စာချုပ်မှာအကျိုးသက်ရောက်မှုမရှိဘူးလို့သိရပါတယ်။ 

မြန်မာ စစ်အုပ်စု အနေနဲ့ ILO သတ်မှတ်ချက် ၈၇ နဲ့ ၂၉  လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ လုပ်အားခိုင်းစေမှု၊ အဓမ္မစစ်မှုထမ်းရန်ခိုင်း​စေတာ​တွေနဲ့  ပတ်သက်ပြီး မလိုက်နာတဲ့အတွက်ကြောင့် ကမ္ဘာအလုပ်သမားအဖွဲ့ချုပ် အခြေခံဥပဒေရဲ့ အပိုဒ်  ၃၃ (Article 33) အရ အ​ရေးယူ ဆောင်ရွက်ဖို့အတွက်  မူကြမ်း ရေးဖို့ တာ၀န်​ပေးထားပါတယ်။ 

 


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026