NEWS

ပြည်ပရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ပတ်စပို့ဒဏ်ကြေးတိုးမြှင့်ကောက်ခံ

CoverLogo
765 Views

မလေးရှားနိုင်ငံအတွင်းရောက်ရှိနေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းဆောင်ရွက်ရာမှာ ဒဏ်ကြေးတိုးမြှင့်ကောက်ခံမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးပြောဆိုထားပါတယ်။ 

 

"ဒဏ်ကြေးတိုးမြှင့်လိုက်တယ်။ ပျက်စီးပျောက်ဆုံးတွေကိုပြောတာပါ။ ဒဏ်ကြေးတွေတိုးကောက်တော့ တရားမဝင်နေထိုင်တဲ့သူတွေပိုများလာနိုင်တာပဲ။ မလေးရှားရင်းဂစ်၄၈၀ ဆိုတော့ အရင်၃၅၀ တောင်များလှပြီခု ၄၈၀ ဆိုပိုဆိုးမှာပေါ့။ ပြီးရင်ပါမစ်ကပ်ရအုံးမှာ စျေးကြီးတယ်။ တရားမဝင်နေထိုင်တာတွေများလာမှာပဲ" လို့ မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

 

အခုလိုဒဏ်ကြေးတိုးမြှင့်ကောက်ခံပါက

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးနဲ့ ပျက်စီးပျောက်ဆုံးလျှောက်ထားမှုတွေအတွက် နှစ်ချီကြာသည်အထိ စောင့်ဆိုင်းမှုမရှိစေဘဲ မြန်မြန်ဆန်ဆန်သက်တမ်းတိုးလို့ရအောင် ပြုလုပ်ပေးသင့်တယ်လို့ မလေးရှားနိုင်ငံမှာအလုပ်လုပ်နေသူတွေက ဆိုပါတယ်။ 

 

"တရားမဝင်မနေချင်လို့လျှောက်လည်း အကြာကြီးနှစ်ချီစောင့်ရတယ်။ မြန်ရချင်ရင်ပိုက်ဆံပေးလုပ်လို့ရတယ်။ စျေးအရမ်းကြီးတယ် မတတ်နိုင်ကြဘူး" လို့ ဆိုပါတယ်။ 

 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်ဒဏ်ကြေးကို ယခင်က မလေးရှားငွေ ရင်းဂစ် ၃၃၀ ကောက်ခံခဲ့တာဖြစ်ပေမဲ့ ယခုအခါမှာတော့ ရင်းဂစ် ၄၈၀သို့ တိုးမြှင့်ကောက်ခံသွားမယ်လို့ ဇူလိုင်လ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ 

 

ဒါ့အပြင်ပြည်ပမှာအလုပ်သွားရောက်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးတာ ၊ ပျက်စီးတာတွေကြောင့် အသစ်ပြန်လျှောက်ထားပါက ဒဏ်ကြေးငွေ တိုးမြှင့်ကောက်ခံသွားမယ်လို့ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေက ဇူလိုင်၂၄ရက်နေ့က 

အသီးသီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

 

မြန်မာနိုင်ငံကူးလက်မှတ်တွေအတွက် ထိုင်းနိုင်ငံမှာ ဒဏ်ကြေး ၃၆၅၀ ဘတ်နဲ့ စာအုပ်တန်ဖိုး ၁၂၅၀ ဘတ် ပြောင်းလဲသတ်မှတ်သလို ၊ မလေးရှားနိုင်ငံမှာ ရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ကြေညာထားပါတယ်။ 

 

တောင်ကိုရီးယားနိုငံမှာတော့ အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ ကောက်ယူခဲ့ရာကနေ အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာသို့ ပြောင်းလဲကောက်ယူမှာဖြစ်ပြီး ၊ အရှေ့အလယ်ပိုင်းဒေသဆော်ဒီအာရေးဘီးယားနိုင်ငံ ရီးယတ်ဒ်မြို့မှာ စာအုပ်တန်ဖိုးနဲ့ ဒဏ်ကြေးငွေကို ဆော်ဒီငွေကြေး ရီးရဲလ် ၄၂၀ အစား ရီးရဲလ် ၅၃၅ ပြောင်းလဲကောက်ယူမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026