NEWS

ပြည်ပရောက်အလုပ်သမားများဘဏ်စနစ်မှငွေလွှဲ‌‌ရေးတိုက်တွန်းရန်အေဂျင်စီများကိုဝန်ကြီးဌာန အသိပေး

CoverLogo
1.2K Views

ပြည်ပမှာသွားရောက်လုပ်ကိုင်နေတဲ့အလုပ်သမားတွေ နှစ်နိုင်ငံ ဘဏ်စနစ်အသုံးပြုပြီး ငွေလွှဲဖို့အတွက်ကို ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီတွေက တိုက်တွန်းပေးဖို့ စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက ပြောဆိုနေပါတယ်။

ဩဂုတ်လ (၃၀)ရက်မှာ လုပ်ဆောင်ခဲ့တဲ့ အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်က ပြောဆိုခဲ့တာပါ။

''MoU မြန်မာအလုပ်သမားတွေ မိသားစုလွှဲပို့ငွေကိစ္စနဲ့ ပတ်သက်ရင်  ငွေလွှဲအများစုကို နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် စနစ်တကျစီးဆင်းစေဖို့၊ နိုင်ငံစီးပွားတိုးတက်ဖို့အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ‌ တွေက မိမိတို့စေလွှတ်တဲ့ အလုပ်သမားတွေ  တရားဝင်လမ်းကြောင်းကနေ ငွေလွှဲပို့နိုင်ရေး ရှင်းလင်းပြောကြား ပေးစေလိုပါတယ်''လို့ ဝန်ကြီးက ပြောဆိုခဲ့တာပါ။

လက်ရှိမှာ ပြည်ပရောက်မြန်မာအလုပ်သမားအများစုက ဟွန်ဒီ(ငွေလွှဲ)စနစ်ကို အသုံးပြုပြီ လစာငွေလွှဲနေကြတာပါ။ 

''ဟွန်ဒီနဲ့လွှဲတာ လွယ်တယ်။ အချိန်ကုန်သက်သာတယ်။ ပေါက်ဈေးအတိုင်းရတယ်။ ဘဏ်ကလွှဲရင် ပေါက်ဈေးနဲ့ရတာမှ မဟုတ်တာ။ နောက်တစ်ခုက သူတို့အတွက် နိုင်ငံခြားငွေရှာပေးသလို မဖြစ်ချင်ဘူး။ သူတို့လက်အောက်မနေချင်လို့ ပြည်ပထွက်လာတာကို လစာကိစ္စအထိ လိုက်ပြီးယုတ်မာနေချင်ကြတယ်''လို့ ထိုင်းရောက် မြန်မာအလုပ်သမားတစ်‌ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခြားငွေရရှိဖို့ ပိုပိုခက်ခဲလာတာနဲ့အမျှ ပြည်ပရောက်မြန်မာ အလုပ်သမားတွေရဲ့ လစာကို အမြတ်ထုတ်ဖို့ ကြိုးပမ်းလာတာပါ။ 

ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့လစာကို ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး ဘဏ်စနစ်နဲ့ မဖြစ်မနေ လွှဲပြောင်းဖို့ ဌာနတွင်း ဆွေးနွေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းဌာနတွေမှာ ဖြေကြားတာတွေ ရှိထားပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026